” ကလေးငယ်များနှင့် အာဟာရ “

” ကလေးငယ်များနှင့် အာဟာရ “

– မိဘတိုင်းရဲ့ဆန္ဒက ကိုယ့်ရင်​သွေး​လေးကို ဝဝဖြိုးဖြိုး ကျန်းကျန်းမာမာ ဖြစ်​စေချင်ကြတာချည်းပါပဲ၊ ဒါ​ကြောင့်လဲ မိဘများက မိမိတို့ရဲ့ရင်​သွေး​လေး​တွေကို အစားအ​သောက် ဘယ်လိုကျွေး​မွေးကြရမလဲ ဆိုတာကို သိချင်ကြပါတယ်။

– က​​လေး​​​လေး​တွေကို အသက်အရွယ်အလိုက် ​ကျွေး​မွေးသင့်တဲ့ အစားအ​သောက်ပုံစံ​လေး​တွေကို ​ပြောပြပါရ​စေ။

​* မွေးစမှ အသက်(၆)လ အထိ မိခင်နို့ တစ်မျိုးတည်း တိုက်​ကျွေးရပါမယ်။

* အသက်(၆)လမှ စပြီး ဖြည့်စွက်စာကို စတင်​ကျွေး​မွေးရပါမယ်။

* အသက် (၆)လမှ (၂)နှစ်အထိ မိခင်နို့နှင့် ဖြည့်စွက်စာကို ​ကျွေး​မွေးရပါမယ်။

❓(၆)လ​အောက်က​လေးငယ်​တွေကို ထမင်း​စော​စော​ကျွေးလို့မရဘူးလား

မိခင်နို့မှာ ​က​လေးအသက်(၆)လအထိလိုအပ်တဲ့ အာဟာရဓါတ်​တွေ အလုံအ​လောက်ပါဝင်တဲ့အတွက် (၆)လ​အောက်က​လေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ရပါမယ်။

(၆)လ​အောက်က​လေးငယ်များရဲ့ အစာအိမ်နဲ့အူလမ်း​ကြောင်းဟာ ​ကောင်းစွာမဖွံ့ဖြိုး​သေးတဲ့အတွက် ဆန်ပြုတ်၊ ထမင်း စတာ​​တွေကို မ​ချေဖျက်နိုင်​သေးပါဘူး၊ ဒီအချိန်မှာ က​လေးကို အာဟာရပြည့်ဝ​​စေ​ချင်​ဇောနဲ့ ဖြည့်စွက်စာ​ကျွေးမိရင် မ​ချေဖျက်နိုင်တဲ့အစာ​​တွေက အစာအိမ်နဲ့အူလမ်း​ကြောင်းကို ထိခိုက်​စေတတ်ပါတယ်။ ဒါ့​ကြောင့် (၆)လပြည့်ပြီးမှသာ ဖြည့်စွက်စာ စ​ကျွေးရပါမယ်။

❓ရေ​ရော တိုက်လို့မရဘူးလား

မရပါဘူး၊ ​က​လေးရဲ့ အစာအိမ်​လေးဟာ ​သေးငယ်လွန်း​သေးတာမို့ ရေတိုက်လိုက်ရင် အမှန်တကယ်အာဟာရဖြစ်​စေတဲ့ မိခင်နို့ကို မ​သောက်နိုင်​တော့ပါဘူး။ ဒါ့အပြင် မိခင်နို့မှာ ​ရေဓါတ်အလုံအ​လောက်ပါဝင်ပါတယ်။

❓ဖြည့်စွက်စာကို ဘယ်လို​ပြင်ဆင်​ကျွေးကြမလဲ

က​လေးအသက် (၆)လ မှစ​ကျွေးပါမယ်၊ အစာအုပ်စု (၃)ခုကနေ ကြယ် (၄)ပွင့်ပါ​အောင် ​ကျွေးပါမယ်။

ကြယ် (၄)ပွင့်ဆိုတာက အသား/ ငါး/ကြက်ဥ ဘဲဥစတဲ့ ပရိုတင်းဓါတ်ပါတဲ့ အစာအုပ်စုက​နေ ကြယ်​လေး (၁)ပွင့်၊ ပဲအမျိုးမျိုးက​နေ ကြယ်​လေး (၁)ပွင့်၊ ကစီဓါတ်ပါတဲ့ ဆန်၊ ဂျုံ၊ ​ပြောင်း၊ အာလူးစတာ​တွေက​နေ ကြယ်​လေး (၁)ပွင့်၊ ဗီတာမင်နဲ့ သက်​စောင့်ဓါတ်​တွေပါတဲ့ အသီးအရွက်အုပ်စုက​နေ ကြယ်​လေး(၁)ပွင့်လို့ဆိုလိုတာဖြစ်ပါတယ်။

ဖြည့်စွက်စာ စ​ကျွေး​ကျွေးချင်းမှာ အ​ခြေခံအစားအစာဖြစ်တဲ့ ဆန်၊ဂျုံ၊​ပြောင်း၊အာလူးကို အရင်ဆုံး ​စကျွေးပြီး တဖြည်းဖြည်းချင်း အစာအုပ်စုအမျိုးစုံ၊ အစားအစာအမျိုးစုံပါ​အောင် ​ကျွေး​မွေးရမှာပါ။

အစာအုပ်စု (၃)ခုနဲ့ ကြယ်ပွင့်​လေး​တွေအ​ကြောင်းရယ် က​လေးအသက်အရွယ်အလိုက် ​ကျွေးသင့်တဲ့ ပမာဏနဲ့ ဘယ်နှစ်ကြိမ်​ကျွေးသင့်တယ်ဆိုတဲ့ အ​ကြောင်းရယ်ကို ပုံ​လေး​တွေမှာ အ​သေးစိတ်ဖော်ပြထားပါတယ်။

💕“က​လေးငယ်များကို အစား​ကျွေးခြင်း အနုပညာ”💕

အစားအ​သောက်ကို နှစ်သက်ခုံမင်ပြီး မိဘ​တွေ​ကျွေးသမျှ ​ကောင်း​ကောင်းစားတဲ့ က​လေး​တွေရှိသလို အစားအ​သောက်​ချေးများတဲ့ က​လေးငယ်​​တွေလဲ ရှိပါတယ်။

ဒီလိုက​လေး​တွေကို အစားအ​သောက်​ကျွေးရတာ မိဘ​တွေအတွက် တကယ့် စိန်​ခေါ်မှုကြီးတခုပါပဲ။ မိဘ​တွေအတွက် အကြံ​ပေးချင်က​တော့

* က​လေးရဲ့ ဆာ​လောင်မှုနဲ့ စားနိုင်တဲ့ ပမာဏကို ချင့်ချိန်ပါ။ က​လေးငယ်​တွေဟာ ပမာဏနဲနဲနဲ့ မကြာခဏ စားတတ်ကြပါတယ်။

* ဖြည်းဖြည်းချင်း စိတ်ရှည်လက်ရှည် အား​ပေးပြီး ​ချော့​​ကျွေးပါ။ အစားစားချိန်​တွေဟာ က​လေးအတွက်ပျော်ရွှင်စရာဖြစ်လာရင် က​လေး​လေးက အစားအ​​သောက်​​တွေကို ပိုစားလာပါလိမ့်မယ်။

* အတင်းအကြပ် မ​ကျွေးပါနဲ့။ အတင်းအကြပ်​ကျွေးရင် တစ်ကြိမ်တစ်ခါ​တော့ က​လေးက အစားစားပါလိမ့်မယ်၊ ဒါ​ပေမယ့် အစားစားချိန်ဟာ သူ့အတွက် ​ကြောက်စရာ စိတ်ညစ်စရာဖြစ်သွားရင် ​က​လေးကို အစား​ကျွေးရ ပိုခက်ခဲသွားပါလိမ့်မယ်။

* အရသာမျိုးစုံ အစားအစာမျိုးစုံကို စမ်းသပ်​ကျွေး​မွေးပါ။

က​လေး​လေး​တွေဟာ သူတို့မစားဘူးလို့ ငြင်းထားတဲ့ အစားကိုပဲ ​နောက်ရက်အနည်းငယ်အကြာမှာ ထပ်​ကျွေးရင် ဒါမှမဟုတ် ပုံစံ​ပြောင်းပြီး ​ကျွေးကြည့်ရင် စားတတ်ပါတယ်။ဥပမာ ဒီ​နေ့ငါးဟင်းကို မကြိုက်ဘူး မစားဘူး ဆို​ပေမယ့် ​နောက် (၂-၃)ရက်​နေရင် အဲ့ဒီငါးဟင်းကိုပဲ စားတတ်ပြန်ပါတယ်။ ဒါမှမဟုတ် ငါး​ကြော်ကို သူနှစ်နှစ်သက်သက်စားနိုင်ပါတယ်။ ဒါ့​ကြောင့် မစားဘူးဆိုတိုင်း မ​ကျွေးဘဲမ​နေပါနဲ့။

– ​နောက်ထပ်အ​ရေးကြီးတာ တစ်ခုက​တော့ သန့်ရှင်း​ရေးပါပဲ။ အစားအစာ သန့်ရှင်း​ရေး၊ လက်သန့်ရှင်း​ရေး၊ ​ရေသန့်ရှင်း​ရေး၊ ပန်းကန်ခွက်​ယောက် သန့်ရှင်း​ရေး​​တွေဟာ အင်မတန်အ​ရေးကြီးပါတယ်။ မသန့်ရှင်းရင် ဝမ်းပျက်ဝမ်း​လျှောဖြစ်နိုင်တာ အားလုံးအသိပါ​နော်။

က​လေးငယ်များအတွက်​ရော မိဘများ​အတွက်ပါ ​ပျော်စရာ​ကောင်းတဲ့ အစားစားချိန်​လေးများ ဖြစ်ကြပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်။

“က​လေးငယ်များအားလုံး ကျန်းမာကြံ့ခိုင်ပြီး ​ဘေးအန္တရာယ်ကင်းရှင်းကြပါ​စေ”

ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး

တယ်လီကျန်းမာ

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 28 September 2022
Last Updated: 28 September 2022