ဝမ်းနည်းကြောင်း သဝဏ်လွှာ (May, 2023)

ဝမ်းနည်းကြောင်း သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ မေလ (၃၀) ရက်

၁။ (၂၇-၅-၂၀၂၃) ရက်နေ့တွင် ကရင်နီ (ကယား) ပြည်နယ်၊ ရှေ့တန်းတစ်နေရာ၌ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union – KRU) ၏ Medic Unit (Demoso) ဆေးတပ်ဖွဲ့မှ ရဲမေ Caroline Khine Lin – (၁၇) နှစ်၊ ရဲမေ Angela – (၂၀) နှစ်၊ ရဲဘော် မြထွေး – (၁၉) နှစ်နှင့် ရဲဘော် ဘော့စကို – (၂၂) နှစ်တို့သည် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆေးတပ်သားများသည် တော်လှန်ရေးရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ ဖြစ်ကြပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အဆိုပါဆေးတပ်သားများကို အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

၃။ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကို နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်းအပေါင်းအား တိုင်တည်သစ္စာထား၍ ကတိပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 30 May 2023

Last updated: 30 May 2023