“12 Tips for a Healthy Diet” (December 2023)

🍉 ကျန်းမာသော စားသောက်မှုပုံစံ (၁၂) မျိုး (ဒီဇင်ဘာလ၊ ၂၀၂၃ ခုနှစ်)

၁။ တိရစ္ဆာန်မှရသော အစားအစာများထက် အပင်မှရသော အာဟာရပြည့်ဝသည့် အစားအစာများကို ပိုမိုစားသုံးပါ။

၂။ လျှော့ကြိတ်ဆန်နှင့် ကောက်နှံများ၊ ပေါင်မုန့်ကြမ်းနှင့် အာလူးတို့ကို ဖောဖောသီသီ စားပါ။ (ခဏခဏစားပါ)

၃။ လတ်ဆတ်သော ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ခဏခဏ စားပါ။

၄။ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုကို နေ့စဥ် လုပ်၍ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၅။ အဆီစားသုံးမှုကို နေ့စဥ်စားသုံးသော အင်အားဓာတ်၏ (၃၀)ရာခိုင်နှုန်းထက်မကျော်အောင် ထိန်းသိမ်းပါ။ မပြည့်ဝဆီများကို ဦးစားပေးရွေးချယ်၍ စားသုံးပါ။

၆။ အဆီများသော အသားနှင့် အသားမှထုတ်သော ထုတ်ကုန်များအစား ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ ငါးနှင့် အဆီမပါသောအသားများကို ရွေးချယ်စားသုံးပါ။

၇။ အဆီနှင့် အငန်ဓာတ်နည်းသော နို့နှင့် နို့ထွက်ပစ္စည်းများ (နို့ချဥ်၊ ဒိန်ချဥ်နှင့် ချိစ်) တို့ကို စားသုံးပါ။

၈။ သကြားပါဝင်မှုနည်းသော အစားအစာများကို ရွေးချယ်ပါ။ သကြားကိုလျှော့သုံးပါ။ အချိုစားသုံးမှုနှင့် အချိုရည်သောက်သုံးမှုကို လျှော့ပါ။

၉။ ဆားပါဝင်မှုနည်းသော အစားအစာများကို ရွေးချယ်ပါ။ ပေါင်မုန့်နှင့် တာရှည်ခံ အစားအစာများတွင် ပါဝင်သော ဆားပမာဏအပါအဝင် တစ်နေ့လျှင် ဆားပမာဏ (၅) ဂရမ်ထက်ပို၍ မသုံးရပါ။ (အိုင်အိုဒင်းဆား သုံးစွဲပါ။)

၁၀။ အရက်သောက်သုံးရမည့် သင့်လျော်သော ပမာဏကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားခြင်း မရှိပါ။ အရက်ကို လုံးဝမသောက်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း သက်သေရှိသောကြောင့် သောက်သုံးမှုနည်းလေ ကောင်းလေဖြစ်ပါသည်။

၁၁။ အစားအစာများကို အန္တရာယ်ကင်း၍ သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ပါ။ ပေါင်းခြင်း၊ မီးဖုတ်ခြင်း၊ ရေလုံပြုတ်ခြင်း၊ မိုက်ခရိုဝေ့ဖြင့် ချက်ခြင်းတို့သည် ဆီသုံးစွဲမှု လျော့စေပါသည်။

၁၂။ ကလေးအသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပြီး၊ အသက် (၆) လ ပြည့်ပါက ဘေးကင်း၍ အာဟာရပြည့်သော ဖြည့်စွက်စာကို စတင်ကျွေးသင့်သည်။ အနည်းဆုံး ကလေးအသက် (၂) နှစ် အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးပါ။

🍉 ညီညွတ်မျှတသော အစားအစာ၏ အကျိုးကျေးဇူးများ (Benefits of a balanced diet)

🍇 ညီညွတ်မျှတ၍ အမယ်စုံသော အစားအစာများကို လုံလောက်စွာစားသုံးခြင်းသည် ပျော်ရွှင်ကျန်းမာသော လူနေမှုပုံစံရရှိရန် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။

🍇 ဗီတာမင်နှင့် သတ္တုဓာတ်များသည် ကိုယ်ခံအားကောင်းပြီး ကျန်းမာစွာဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။

🍇 ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာသည် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့နှင့် အရိုးရောဂါအချို့ စသည့် မကူးစက်တတ်သော ရောဂါအချို့ကို ကာကွယ်ပေးသည်။

🍇 ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာသည် သင့်တော်သော ကိုယ်အလေးချိန်ရရှိရန် အထောက်အကူပြုသည်။

🍇 ကျန်းမာစွာ စားသောက်ခြင်းသည် ဒေသစုံ၊ နေရာစုံမှ အစားအစားများ အမျိုးမျိုးကို ချက်ပြုတ်နည်းမျိုးစုံဖြင့် စမ်းသပ်ရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။

🍇 အရောင်အသွေး စုံလင်အောင် စားသုံးခြင်းသည် ညီညွတ်မျှတသော အစားအစာ၏ အင်္ဂါရပ်ဖြစ်သောကြောင့် အစားအစာ မျိုးစုံအောင် စားခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာ အကျိုးကျေးဇူးကို ရရှိစေသည်။

🍉 ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle)

ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အဆီဓာတ်၊ သကြားနှင့် ဆားကို လျှော့စားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။

အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ တွက်ချက်သော ခန္ဓာကိုယ်အချိုးအစားအညွှန်းကိန်း (BMI) ကို တွက်ချက်ပြီး အဝလွန်ခြင်းရှိ၊ မရှိ သိနိုင်ပါသည်။

Source: https://www.who.int/europe/news-room/fact-sheets/item/a-healthy-lifestyle—who-recommendations

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

——————-

📏 ဝခြင်း/ပိန်ခြင်း နှင့် ယေဘုယျ ပေတံ BMI

https://www.facebook.com/telehealthmm/posts/pfbid02bLPzWDrrFSAdVBYcmSoGUt7GyBL6wgtAt9dWytQfHad4LPJmgpL3xbR5Tue26PgJl

#nugmoh#HealthyLifestyle#Lifestyle#HealthyEating#Eating#BalancedDiet#BMI

Ministry of Health,
National Unity Government.

Published on: December 29, 2023
Last updated: December 29, 2023