“Nutritional Benefits of Avocado” (December 2023)

“ရာသီစာ ထောပတ်သီးအကြောင်း သိကောင်းစရာ”

ဆောင်းတွင်းရောက်လာပြီဆိုတာနဲ့ ထောပတ်သီးရာသီစပြီမို့ စျေးကွက်ထဲမှာ ထောပတ်သီး အမျိုးစုံ၊ အရွယ်အစားစုံ တွေ့လာရပါပြီ။

ထောပတ်သီးကို နည်းလမ်းမျိုးစုံနဲ့ အရသာရှိအောင် လုပ်စားလေ့ရှိကြတာမို့ ထောပတ်သီးရဲ့ အာဟာရအကျိုးပြုပုံကို အနည်းငယ် ဖော်ပြလိုက်ပါတယ်။

🥑 ပုံမှန်အရွယ်အစား ထောပတ်သီးတစ်လုံးမှာ –

* ကယ်လ်လိုရီ ၃၂၂

* ကာဗွန်ဟိုက်ဒရိတ် ၁၇ ဂရမ် (g)

* ပရိုတင်းဓာတ် ၄ ဂရမ် (g)

* အမျှင်ဓာတ် ၁၄ ဂရမ် (g)

* ဗီတာမင် C

* ဗီတာမင် K

* ဗီတာမင် B

* ဖောလစ်ဓာတ် (folate)

* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်

* beta-carotene (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)… အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

🥑 ကျန်းမာရေး အကျိုးကျေးဇူးများ

➤ အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက အမျှင်ဓာတ်ရဲ့ ရေကိုစုပ်ယူနိုင်တဲ့ အာနိသင်ကြောင့် ဝမ်းမှန်စေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

.

➤ သွေးတွင်း အဆီဓာတ်ကို ညီမျှစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ထောပတ်သီးမှာ အကျိုးပြု အဆီဓာတ် (unsaturated fat) ပါဝင်လို့ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ ကိုလတ်စထရောပမာဏကို လျှော့ချနိုင်တဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်မှုကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေ လျော့ကျစေပါတယ်။

.

➤ ရောင်ရမ်းမှုသက်သာစေသော သတ္တိ (anti-inflammatory) နဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိ (antioxidants) အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။

.

➤ ကိုယ်အလေးချိန်ထိန်းညှိရာမှာလည်း အသုံးဝင်ပါတယ်။

ထောပတ်သီးမှာပါတဲ့ အမျှင်ဓာတ်က ရေကိုစုပ်ယူတာကြောင့် အချိန်ကြာကြာ ပြည့်အင့်နေစေတဲ့ ခံစားမှုကိုပေးပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

.

➤ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

ဗီတာမင်စီ၊ ဗီတာ B6 ၊ ဗီတာမင် E ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

.

➤ သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက် မဖြစ်အောင် အထောက်အကူပြုပါတယ်။

🤰 DNA ဆဲလ်ပွားခြင်းနဲ့ သွေးနီဥထုတ်ရာမှာ အရေးပါတဲ့ ဖောလစ်ဓာတ် (folate) နဲ့ ဗီတာမင် စီ ပါဝင်တာမို့ ထောပတ်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အသင့်အတင့် စားသုံးလို့ရပါတယ်။

❗️သတိပြုရန်

🥑 ထောပတ်သီးနှင့် ဓာတ်မတည့်မှုရှိပါက စားသုံးရန်မသင့်တော်ပါ။ Latex allergy ရှိသူအနေနဲ့ ထောပတ်သီးစားသုံးရင် ဓာတ်မတည့်တာမျိုး ခံစားရနိုင်ပါတယ်။

🥑 အမှည့်လွန်၊ ယင်နားသောအသီး မစားသင့်ပါ။ ထောပတ်သီး အလွန်အကျွံစားရာမှ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာမျိုးလည်း ဖြစ်နိုင်လို့ သန့်ရှင်း လတ်ဆတ်သော ထောပတ်သီးကို သင့်တင့်သောပမာဏပဲ စားသုံးသင့်ပါတယ်။

Reference : 📖

https://www.healthline.com/nutrition/avocado-nutrition

.

——————————————–

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: December 1, 2023.
Last updated: December 1, 2023.