“About Breastfeeding” (In Ethnic Languages) (November 2023)

နို့တိုက်မိခင် မေမေတို့ရေ…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အခြားသော နိုင်ငံတကာက ကျန်းမာရေးအဖွဲ့အစည်းများဟာ မွေးကင်းစမှ အသက် (၆) လအထိ ရင်သွေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ တညီတညွတ်တည်း တိုက်တွန်းထားကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ရင်သွေးငယ်လေး မိခင်ဝမ်းကနေ မွေးဖွားလာချိန်ကစလို့ အသက် (၆) လအထိ လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်တွေဟာ မိခင်နို့မှာ ရာနှုန်းပြည့် အပြည့်အဝပါပြီးသားမို့ပါ။

ဒါ့အပြင် မွေးအပြီး ပထမ (၃) ရက်အတွင်းထွက်တဲ့ နို့ဦးရည်မှာ ကလေးရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့၊ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် မွေးမွေးချင်း မိခင်နို့ကို စောနိုင်သမျှ စောစောတိုက်ကျွေးမှုခံရမှု ရရှိတဲ့ကလေးတွေနဲ့ မိခင်နို့တစ်မျိုးတည်းကိုသာ အသက် (၆) လအထိ တိုက်ကျွေးခံရတဲ့ ကလေးတွေဟာ အခြားသော ကလေးတွေထက် ပိုမိုကျန်းမာပြီး ဉာဏ်ရည်ဖွံ့ဖြိုးကြတာ ဖြစ်တယ်လို့ သုတေသနများစွာက ဖော်ပြထားပါတယ်။

မေမေတို့က စေတနာပိုပြီး ရင်သွေးငယ်လေးကို အသက် (၆) လမပြည့်ခင် အခြားအစားအစာတွေနဲ့ အရည်အဖတ်တွေပါ စတင်တိုက်ကျွေးလိုက်မယ်ဆိုရင်တော့ ရင်သွေးလေးရဲ့ နုနယ်တဲ့ အူလမ်းကြောင်းဟာ အစာစုပ်ယူ ခြေဖျက်နိုင်မှုစနစ် ကောင်းစွာမလုပ်ဆောင်နိုင်သေးတဲ့အတွက် ဒီလိုအစာတွေကို အူလမ်းကြောင်းတစ်လျှောက် သယ်ပို့ရန်/စွန့်ထုတ်ရန် အခက်အခဲရှိနိုင်ပြီး အူစွပ်ခြင်း၊ အူကျွံခြင်းများ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီးတော့ မည်သည့်အချိန်မှာ မည်မျှကြာအောင် တိုက်ကျွေးသင့်သလဲဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

#nugmoh #telekyanmar #တယ်လီကျန်းမာ #ethniclanguage #ethnic
#breastfeeding

Ministry of Health,
National Unity Government.

Published on: November 19, 2023
Last updated: November 19, 2023