COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်
ယခင်ပြည်သူ့အစိုးရလက်ထက်၌ “မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမည့်စီမံချက် (National COVID-19 Vaccine Deployment Plan)” ကို ရေးဆွဲခဲ့ပြီး ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော၊ ရောဂါကာကွယ်နိုင်စွမ်းမြင့်မားသော COVID-19 ကာကွယ်ဆေးများကို ပြည်သူလူထုအား စတင်ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
ယင်းစီမံချက်တွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးအမျိုးအစား ရွေးချယ်ခြင်းနှင့်ပတ်သက်၍
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) က အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုသည့် EUL (Emergency Use Listing) ရရှိထားသော ကာကွယ်ဆေးများ (သို့မဟုတ်)
- တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ (Stringent Regulatory Authority) ရှိသည့်နိုင်ငံများ *1 တွင် အသိအမှတ်ပြုသုံးစွဲသည့် ကာကွယ်ဆေးများကိုသာ
ရွေးချယ်အသုံးပြုရန် သတ်မှတ်ထားခဲ့ပါသည်။
အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုသည့် EUL ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Status of COVID-19 Vaccines within WHO EUL/PQ Evaluation Process **2 တွင် (၂၃-၁၂-၂၀၂၁) ရက်နေ့အထိ ပါဝင်လျှောက်ထားသော COVID-19 ကာကွယ်ဆေးစုစုပေါင်း (၂၄) မျိုးရှိပါသည်။
အဆိုပါကာကွယ်ဆေးများအနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ် သုံးစွဲရန် အသိအမှတ်ပြုသည့် EUL ရရှိထားသော ကာကွယ်ဆေးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အထက်ပါဇယားအရ မြန်မာနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်ဟု ဆိုသော Sputnik Light ကာကွယ်ဆေးသည် အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုသည့် EUL ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Status of COVID-19 Vaccines within WHO EUL/PQ Evaluation Process တွင်ပင် ပါဝင်သေးခြင်း မရှိသည့်အပြင် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ (Stringent Regulatory Authority) ရှိသည့် နိုင်ငံများတွင်လည်း အသိအမှတ်ပြုသုံးစွဲခြင်း မရှိသေးပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/
References:
- https://www.who.int/initiatives/who-listed-authority-reg-authorities/SRAs
- https://extranet.who.int/pqweb/sites/default/files/documents/Status_COVID_VAX_23Dec2021.pdf
Ministry of Health,
National Unity Government.
Published on: 20 January 2022
Last Updated: 20 January 2022