“Antimicrobial Resistance (In Ethnic Languages)” (April 2023)

ဒီတစ်ပတ်ရဲ့ တိုင်းရင်းသားဘာသာပြန် ကျန်းမာရေး ပညာပေးပိုစ့်အနေနဲ့-

“ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေရန် …” အကြောင်းလေး ရေးပေးထားပါတယ်။

..

..

အကျဥ်းချုပ်အားဖြင့်တော့….

ကျွန်တော်တို့တွေ နေ့စဉ် သတိမမူမိဘဲ မိမိကိုယ်မိမိ ရောဂါနာမည်တွေသတ်မှတ်ပြီး ပဋိဇီဝဆေးဝါးတွေကို (မလိုအပ်ဘဲ) မိမိသဘောနဲ့မိမိ သောက်သုံးမိနေတတ်ကြပါတယ်။

ဒီလိုလုပ်မိတဲ့ နောက်ဆက်တွဲအဖြစ် ပဋိဇီဝဆေးယဉ်ပါးမှုတွေ ဖြစ်ပွားပြီး အမှန်တကယ် ကုသဖို့လိုအပ်လာတဲ့အချိန်တွေမှာ ဆေးမတိုးတော့တာတွေ ဖြစ်လာတတ်ပါတယ်။

ဒီလို ဆေးယဉ်ပါးမှုတွေကြောင့် ရောဂါကုသရာမှာ အာနိသင်ပြင်းတဲ့ဆေးဝါးတွေကို အသုံးပြုရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေလည်း ပိုပြီးခံရတတ်ပါတယ်။

ဒါ့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေဖို့အတွက် လိုက်နာရမယ့်အချက်လေးတွေကို သေချာရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။

(ဗမာ ၊ ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် )

Ministry of Health,

National Unity Government.

Published on: 9 April 2023

Last updated: 9 April 2023