၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် အမေရိကန်ပြည်ထောင်စု၊ အာရီဇိုးနားပြည်နယ်တက္ကသိုလ် (Arizona State University) ၏ ဖိတ်ခေါ်မှုဖြင့် ဇွန်လ (၂) ရက်နေ့၌ အာရီဇိုးနားပြည်နယ်တက္ကသိုလ် (ASU) သို့ သွားရောက်၍ တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုကဲ့သို့တွေ့ဆုံရာတွင် အာရီဇိုးနားပြည်နယ်တက္ကသိုလ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအကြား ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် သဘောတူညီမှုများ ရရှိခဲ့ပြီး အထူးသဖြင့် တက္ကသိုလ်ပညာရေးအတွက် အတူလက်တွဲဆောင်ရွက်ရန်၊ ပညာသင်ဆုများ စီစဉ်နိုင်ရန်နှင့် အွန်လိုင်းပညာသင်ကြားရေး ဖော်ဆောင်နိုင်ရန် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တော်နှင့် ပတ်ဝန်းကျင်မှ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍ လက်ရှိနွေဦးတော်လှန်ရေး၏ အခြေအနေများနှင့် အစီအစဉ်များကို ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူများကလည်း မိမိတို့ ဆောင်ရွက်နေကြသည့် နွေဦးတော်လှန်ရေးအတွက် ထောက်ပို့ကူညီမှုများ၊ ရန်ပုံငွေရှာဖွေမှုများအကြောင်း ပြောဆိုတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် သဘောထားများ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသည့် မြန်မာမိသားစုများက ဒေါက်တာဇော်ဝေစိုးထံ တော်လှန်ရေးရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
Ministry of Health,
National Unity Government.








Published on: June 5, 2023.
Last Updated: June 5, 2023.