“Benefits of Regular Exercise” (December 2023)

🚶 ပုံမှန်ကိုယ်လက်လှုပ်ရှားမှု၏ အကျိုးကျေးဇူးများ (ဒီဇင်ဘာလ၊ ၂၀၂၃ ခုနှစ်) 🚴

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်း စသည့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ (Regular physical activity) သည် ကျန်းမာရေးအတွက် သိသာသော အကျိုးသက်ရောက်မှု ရှိသည်။ ဥပမာ-နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါနှင့် အရိုးပွခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ထိန်းခြင်းနှင့် စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။

ကိုယ်လက်လှုပ်ရှားမှုအစီအစဥ်များတွင် ပါဝင်ခြင်းသည် လူမှုဆက်ဆံရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုများအတွက် အခွင့်အလမ်းကောင်းများလည်း ဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှုသည် လူမှုဆက်ဆံရေးနှင့် ပေါင်းစည်းညီညွတ်မှုကို အားကောင်းစေသဖြင့် လူမှုပတ်ဝန်းကျင်အပေါ် ကောင်းသည့်လွှမ်းမိုးမှု ဖြစ်စေသည်။

အထူးသဖြင့် အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုသည် ကလေးများနှင့် လူငယ်များအကြား စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့အတွက် အထောက်အကူဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ကျန်းမာရေးနှင့်မညီသော အစားအစာများ စားခြင်းနှင့် အကြမ်းဖက်ခြင်းစသည့် အန္တရာယ်ရှိသော အပြုအမူများကို လျော့ကျစေသည်။

လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စသည့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် မော်တော်ယာဥ်သုံးစွဲမှုကို လျော့ကျစေသဖြင့် လမ်းပိတ်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဆူညံခြင်းနှင့် လောင်စာဆီသုံးစွဲမှုတို့ကို လျော့နည်းစေသည်။

လုပ်ငန်းများတွင် ထုတ်လုပ်မှုတိုးတက်ခြင်း၊ အလုပ်သမား ပျက်ကွက်မှုနှင့် အလုပ်ပြောင်းမှုလျော့နည်းခြင်း စသည့် ပတ်ဝန်းကျင်နှင့် စီးပွားရေးအပေါ် ကောင်းကျိုးများစွာရရှိစေပြီး ကျောင်းသင်ခန်းစာများတွင်လည်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေသည်။ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်းသည် မကူးစက်တတ်သော ရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည့် စရိတ်သက်သာပြီး အကျိုးများသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းတစ်ခုဖြစ်သည်။

တက်ကြွစွာနေထိုင်ခြင်းသည် အရွယ်အားလုံးအတွက် အကျိုးရှိသည်။ အထူးသဖြင့် ကလေးငယ်များ ကျန်းမာစွာ ကြီးပြင်းလာရေးအတွက် အရေးပါပြီး တက်ကြွစွာ ကြီးပြင်းလာခြင်းသည် အသက်အရွယ်ကြီးသည့်အခါ ကျန်းမာသုခအပေါ် သိသာသောကွာခြားမှု ဖြစ်စေသည်။

ကောင်းမွန်သည့် အပန်းဖြေမှုကို ရရှိနိုင်ခြင်းသည် ကြီးငယ်၊ ကျားမ၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ မရွေး လူတိုင်းအတွက် ကျန်းမာခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုတို့အတွက် အရေးကြီးသည်။

🍉 ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle)

ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အဆီဓာတ်၊ သကြားနှင့် ဆားကို လျှော့စားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။

အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ တွက်ချက်သော ခန္ဓာကိုယ်အချိုးအစားအညွှန်းကိန်း (BMI) ကို တွက်ချက်ပြီး အဝလွန်ခြင်းရှိ၊ မရှိ သိနိုင်ပါသည်။

Source: https://www.who.int/europe/news-room/fact-sheets/item/a-healthy-lifestyle—who-recommendations

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

📏 ဝခြင်း/ပိန်ခြင်း နှင့် ယေဘုယျ ပေတံ BMI https://www.facebook.com/telehealthmm/posts/pfbid02bLPzWDrrFSAdVBYcmSoGUt7GyBL6wgtAt9dWytQfHad4LPJmgpL3xbR5Tue26PgJl

💪 အရွယ်ရောက်ပြီးသူများ၊ ကလေးများနှင့် ဆယ်ကျော်သက်များ၊ ကိုယ်ဝန်ဆောင်များနှင့် မီးဖွားပြီးသူများ ပြုလုပ်ရမည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ https://www.facebook.com/MoHNUGMyanmar/posts/pfbid0J8sbSH1ZxMyi96DhtL2QTwNvHEzJ9noZqC9WP5t9ghZig6tDSZdPucVuWzPwt3Tml

💃 ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကလေးများအတွက် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ https://www.facebook.com/MoHNUGMyanmar/posts/pfbid032ThQ5rgaFkm4JUSU4mp76M49W7sYVP54MwR2bizTZcoTChusp9AMkdfnSk2qAU4Fl

🕺 ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အရွယ်ရောက်ပြီးသူများအတွက် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ https://www.facebook.com/MoHNUGMyanmar/posts/pfbid02pHerpNgWWC1ebEWBWgTwUACyNt4AbctNdCDaeopYAHwzt5Ac1TTU79kFH5DWDBvSl

#nugmoh #HealthyLifestyle #Lifestyle #BMI #PhysicalActivity #Exercise

Ministry of Health,
National Unity Government.

Published on: December 30, 2023
Last updated: December 30, 2023