ကိုဗစ်စတုတ္ထလှိုင်း သတိထားကြစို့
COVID-19 ကပ်ရောဂါ တတိယလှိုင်းအတွင်း မြန်မာပြည်သူအများအပြား ရောဂါကူးစက်ခံခဲ့ရပြီး မိမိတို့ချစ်ခင်ရသော ဆွေမျိုးမိသားစု/ မိတ်ဆွေအများအပြား အသက်ဆုံးရှုံးခဲ့ရသည်ကို တွေ့မြင်ခံစားခဲ့ရပြီး ဖြစ်ပါသည်။
ယခုအခါ ပိုးကူးစက်မှုမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ မြန်မာနိုင်ငံအတွင်းတွင် တဖန်ပြန်လည်မြင့်တက်လျက်ရှိကြောင်း သတင်းများအရ သိရှိရပါသည်။
အင်ဂွမ်းလ အထက်တန်းကျောင်းတွင် ၄၅၀ဦး ပိုးတွေ့ ( 27.10.21 )https://www.facebook.com/111407293712134/posts/434339301418930/
ဖလမ်းမြို့စစ်ရှောင်စခန်းတွင် ၁၅ဦး ပိုးတွေ့ ( 3.11.21 )https://www.facebook.com/166580710064489/posts/4660213864034462/
ပန်ခမ်းမြို့အား လော့ဒေါင်းချ ( 10.11.21 )https://www.facebook.com/166580710064489/posts/4682044485184733/
အလန်ဘွမ် အထက်တန်းကျောင်းတွင် ၆၀၀ဦးကျော် ပိုးတွေ့ ( 10.11.21 )https://www.facebook.com/504361519576965/posts/4876391055707301/
လိုင်ဇာမြို့တွင် ၃၄၀၀ဦးကျော် ပိုးတွေ့ ( 13.11.21 )https://www.facebook.com/216265185075061/posts/4969215339779998/
မန္တလေးပညာရေးကောလိပ်တွင် ၁၉ဦး ပိုးတွေ့ ( 15.11.21 )https://burmese.voanews.com/a/covid-mandalay-ttc-future-teachers-voa-burmese-/6313538.html
ပူတာအိုမြို့အနီးတဝိုက်တွင် ၈၀၀ဦးကျော် ပိုးတွေ့ ( 20.11.21 )https://www.facebook.com/166580710064489/posts/4712301552159026/
တနိုင်းအထက်တန်းကျောင်းတွင် ၃ဦး ပိုးတွေ့ ( 22.11.21 )https://www.facebook.com/111407293712134/posts/450459423140251/
မိုင်းကိုင်အထက်တန်းကျောင်းတွင် ၉ဦး ပိုးတွေ့ ( 25.11.21 )https://www.facebook.com/191574990881009/posts/4951780981527029/
မြစ်ကြီးနားအထက်တန်းကျောင်းတွင် ပိုးတွေ့မှုနှုန်းမြင့်တက်နေ ( 25.11.21 ) https://m.facebook.com/story.php?story_fbid=242090644684852&id=103227408571177
ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို Omicron လို့ WHO အမည်ပေး ( 27.11.21 ) https://www.facebook.com/166580710064489/posts/4737137066342141/
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဖြစ်လာနိုင်ဖွယ်ရှိသော ကိုဗစ်စတုတ္ထလှိုင်းအား ပေါ့လျော့ခြင်းမရှိဘဲ ၊ ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းများအား နေ့စဥ်မပျက်မကွက် လိုက်နာကြပါရန်နှင့်
မိမိတွင် ကိုဗစ်သံသယလက္ခဏာများ တွေ့ကြုံခံစားရပါက ၊ တယ်လီကျန်းမာ၏ အွန်လိုင်းကိုဗစ်အထူးကုဆေးခန်းသို့ ဆောလျင်စွာ ပြသဆွေးနွေးတိုင်ပင်နိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
COVID-19 လူနာများ ပြသရန် -တယ်လီကျန်းမာ COVID-19 Telegram Bothttps://t.me/COVID19TELEMM_BOT
အခြားရောဂါလူနာများ ပြသရန်-တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းများ https://m.me/telehealthmm
COVID-19 ဗဟုသုတများ လေ့လာမေးမြန်းရန်- https://facebook.com/ckcmohnugmm
COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ….
• ကာကွယ်ဆေးထိုးနှံခြင်း
• လက်ကို မကြာခဏဆေးခြင်း
• ပါးစပ်နှင့် နှာခေါင်းစည်းတပ်ခြင်း
• လူစုလူဝေး ရှောင်းရှားခြင်း
• လေဝင်လေထွက် မကောင်းသောအခန်းများကို ရှောင်ရှားခြင်း
• တစ်ဦးနှင့် တစ်ဦး (၆) ပေအကွာတွင် ခွာနေခြင်း
• ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း
• လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထု မျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း
* ပြည်သူအပေါင်း ကိုဗစ်စတုတ္ထလှိုင်းမှ ကင်းဝေးနိုင်ကြပါစေ *
* ကာကွယ်ခြင်းဖြင့် အနိုင်ယူပါ *
တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
Ministry of Health,
National Unity Government.
Published on: 27 November 2021
Last Updated: 27 November 2021