နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ပွဲအား NUG ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ ဦးဆောင်၍ CDM စစ်သည်နှင့် ရဲ မိသားစုဝင်များနှင့်အတူ ကျင်းပပြုလုပ်
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေတို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ပွဲကို လွတ်မြောက်နယ်မြေတစ်နေရာ၌ CDM စစ်သည်နှင့် ရဲမိသားစုဝင်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မွေးနေ့ပွဲသို့ လွတ်မြောက်နယ်မြေရှိ CDM မိသားစုဝင်များနှင့် တော်လှန်ရေးရဲဘော်များ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေတို့က မွေးနေ့ပွဲသို့ တက်ရောက်လာကြသည့် CDM စစ်သည်များ ရဲတပ်ဖွဲ့ဝင်များအား မွေးနေ့အမှတ်တရ ထောက်ပံ့ငွေကြေးအချို့ ပေးအပ်ခဲ့ကြပါသည်။
#nugmoh
#SpringRevolution
#PVTV
#PVTVNews
Ministry of Health,
National Unity Government.









Published on: 19 June 2023
Last updated: 19 June 2023