မျက်ခွံရောင်ခြင်း (Blepharitis)
Blepharitis ဆိုတာ နာတာရှည် မျက်ခွံရောင်ရမ်းစေတဲ့ မျက်စိရောဂါတစ်မျိုးပါ။ မျက်တောင်၊ မျက်စိအဖြူသား၊ မျက်ခွံနဲ့ မျက်စိကိုချောမွေ့စေတဲ့ အဆီထုတ်လုပ်ပေးတဲ့ Meibomian glands လို့ဆိုတဲ့ အကျိတ်လေးတွေအပါအဝင် မျက်ခွံတစ်ဝိုက် ရောင်ရမ်းနာကျင်စေတာပါ။
.
မျက်ခွံတစ်ဝိုက်မှာ နာတာရှည် ကြည့်ရဆိုးတဲ့ ကြမ်းရှရှ အဖြူအဖတ်ဖတ် ချပ်ပြားတွေဖြစ်ပေါ်လာပါမယ်။ မျက်ခွံတစ်ဝိုက်၊ မျက်စိတစ်ဝိုက် နာကျင်ခံခက်ဖြစ်စေပါတယ်။ ပိုဆိုးလာရင် ကွာကျတာ၊ သွေးထွက်သွေးယိုတာတွေ ဖြစ်စေတတ်တယ်။ ဒါ့အပြင်..
မျက်ခွံတစ်ဝိုက် အဆီတွေ ကပ်ခဲနေတတ်မယ်။
မျက်တောင်ကျွတ်မယ်။
မျက်စိထဲ ခိုးလို့ခုလု ဖြစ်နေစေတတ်တယ်။
မျက်သားခြောက်မယ်။
အလင်းစူးတာတွေ ကြည့်ရခက်စေတယ်။
မျက်ခွံတွေ၊ မျက်စိအဖြူသားတွေ ရောင်ရမ်းမှုဖြစ်စေပါတယ်။
..
..
နာတာရှည် မျက်ခွံရောင်ရမ်းခြင်းဟာ အခြားသော အရေပြားရောဂါတွေ၊ Autoimmune ရောဂါတွေ၊ ဘတ်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ရောဂါတွေနဲ့ ဆက်စပ်တွဲဖက်ပြီး ဖြစ်လေ့ရှိပါတယ်။
..
..
မျက်ခွံရောင်တာ မသက်သာရင်…
မျက်စိစွန်ခြင်း (Stye)
Meibomian အကျိတ်ကလေးတွေ ပိုးဝင်ရောင်ရမ်းခြင်း (Meibomian Cyst Infection)
မျက်စိအဖြူသားရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း (Conjunctivitis/ Conjunctival ulcer)
မျက်ကြည်လွှာအနာဖြစ်ခြင်း (Corneal Ulcer)
မျက်တောင်ကျွတ်ထွက်ကုန်တာ
မျက်တောင်စူးတာ… စတာတွေထိ ဖြစ်စေတတ်ပါတယ်။
..
..
ဘယ်လိုကုသသလဲ
မျက်စိသန့်ရှင်းရေး အလေးပေးပါ။
မျက်ခွံ၊ မျက်စိပေါ်က အညစ်အကြေးနဲ့ ဖုန်မှုန့်တွေကို ရေနွေးနွေးစွတ်ထားတဲ့ ဝါဂွမ်းတံနုနုကလေးနဲ့ တစ်နေ့ တစ်ကြိမ်မှ နှစ်ကြိမ် မှန်မှန်သန့်ရှင်းပေးပါ။
မျက်သားခြောက်တာအတွက် မျက်ရည်တု (Artificial Tear Eyedrop) သုံးပါ။
မိတ်ကပ်တွေကြောင့် မျက်စိသန့်ရှင်းရေး အထိခိုက်မခံပါနဲ့။ မိတ်ကပ်တွေကိုဖျက်ရင် သေချာစင်ကြယ်အောင် ဖျက်ပေးဖို့လိုပါတယ်။
မျက်ခွံရောင်တာ မသက်သာမချင်း မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ပါ။
မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးကုသမှုခံယူပါ။
ဆရာဝန်က လိုအပ်သလို မျက်စဥ်း၊ ပိုးသတ်ဆေး စသည်ဖြင့် ညွှန်ကြားပါလိမ့်မယ်။
References :
John’s Murtagh Patient Education; Sixth Edition: pg-162_Blepharitis
NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#မျက်ခွံရောင်ခြင်း#blepharitis
Ministry of Health,
National Unity Government.

Published on: 15 June 2023
Last updated: 15 June 2023