ဘိုကင်ဆေးခန်း၏ အားသာချက်များ

“မင်္ဂလာပါ”
တယ်လီကျန်းမာ၏ အွန်လိုင်းဆေးခန်းများတွင် လာရောက်ပြသသူများ အဆင်ပြေစေရေး တယ်လီကျန်းမာမိသားစုက နေ့စဥ်နှင့်အမျှကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်
ယခုအခါ တယ်လီကျန်းမာ၏ “တန်းစီဆေးခန်း”တွင် လာရောက်ပြသသူ များပြားလျက်ရှိသောကြောင့် ၊ လူနာများ အချိန်ပေး၍ စောင့်ဆိုင်းရလျက်ရှိကြောင်း သိရှိရပါသည်
သို့ဖြစ်ပါ၍ အမြန်ကုသရန် မလိုအပ်သေးပါက ကြိုတင်ရက်ချိန်းယူရသော “ဘိုကင်ဆေးခန်း”တွင်ပြသပေးပါက လူနာများပိုမိုအဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်

“ဘိုကင်ဆေးခန်း”၏ အားသာချက်များမှာ… 

မိမိအတွက် သတ်မှတ်ပေးထားသောအချိန်တွင် ( စောင့်ဆိုင်းရန်မလိုဘဲ ) ဆရာဝန်နှင့် ကုသမှုခံယူနိုင်ခြင်း
 လူနာတစ်ဦးချင်းစီတိုင်းအတွက် အချိန်ပေး၍ ကြည့်ရှုကုသမှုပေးနိုင်ခြင်း
 မိမိဝေဒနာကို ကြိုတင်အသိပေးထားခြင်းကြောင့် ဆရာဝန်မှ လိုအပ်သည်များ စီစဥ်ပေးထားနိုင်ခြင်းတို့ ဖြစ်ပါသည်

“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

Ministry of Health,

National Unity Government.

  Published on: 6 November 2021
Last Updated: 6 November 2021