နှစ်စဥ် အောက်တိုဘာလကို ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေးလအဖြစ် နိုင်ငံတကာ ကျန်းမာရေးအသိပညာပေး Campaign အစီအစဉ် ကျင်းပပြုလုပ်ရန် သတ်မှတ်ထားသည်။ တစ်လကြာ ကမ်ပိန်းကျင်းပရခြင်း၏ ပင်မရည်ရွယ်ချက်မှာ ရင်သားကင်ဆာနှင့် ပတ်သက်ပြီး အသိပညာမြှင့်တင်ရန်၊ ရင်သားကင်ဆာ လက္ခဏာများကို ဆောလျင်စွာ သတိထားမိစေရန်၊ ရင်သားကင်ဆာရောဂါ ခံစားနေရသူများကို ဝိုင်းဝန်းကူညီအားပေးရန်နှင့် ရင်သားကင်ဆာနှင့်ပတ်သက်ပြီး သုတေသန၊ ကာကွယ်ခြင်းနှင့် ကုသခြင်းတို့အတွက် ရန်ပုံငွေရှာဖွေရန်အတွက် ဖြစ်သည်။ ရင်သားကင်ဆာ ရှိ/ မရှိ ပုံမှန် စမ်းသပ်စစ်ဆေးခြင်း (ရင်သားကို စမ်းသပ်ခြင်းနှင့် ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram ရိုက်ခြင်း) တို့သည် ရင်သားကင်ဆာရောဂါကို စောစီးစွာ သတိပြုမိပြီး ရှာဖွေကုသနိုင်ရန်အတွက် အရေးပါကြောင်း သတိပြုမိစေရန် ရည်ရွယ်သည်။
🌸 ၂၀၂၃ ခုနှစ်၊ ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ ဆိုသည်မှာ အဘယ်နည်း?
လူတစ်ဦးချင်းစီကို ရင်သားကင်ဆာအကြောင်း အသိပညာပေးပြီး ဆောလျင်စွာ ရှာဖွေကုသနိုင်ရန် အားပေးသည့် အစီအမံများကို ရည်ရွယ်သည့် ကမ္ဘာတစ်ဝှမ်း တစ်လကြာ ကျင်းပသော လ ဖြစ်ပါသည်။ အမျိုးသမီးများနှင့် အမျိုးသားများကို ရင်သားကျန်းမာရေးနှင့် ပတ်သက်ပြီး အသိပညာစွမ်းရည် မြှင့်တင်ပေးရန် ရည်ရွယ်ပြီး အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်း၊ ရံပုံငွေရှာဖွေခြင်းနှင့် ရင်သားကင်ဆာခံစားနေရသော လူနာများနှင့် ရင်သားကင်ဆာရောဂါပျောက်ကင်းပြီး ရှင်သန်ကျန်ရစ်သူများကို ကူညီပံ့ပိုးပေးရန် စသည်တို့အတွက် ပလက်ဖောင်းတစ်ခု (ယန္တရားတစ်ခု) အဖြစ် ရည်ရွယ်ပါသည်။
🌸 ၂၀၂၃ ခုနှစ်၊ ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ သည် မည်သည့်လ ဖြစ်သနည်း?
ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ ကို နှစ်စဥ် အောက်တိုဘာလတစ်လလုံးတွင် သတ်မှတ်ပြုလုပ်သည်။ ဤလတွင် ပြည်သူလူထု တစ်ဦးချင်းစီနှင့် ကျန်းမာရေးအဖွဲ့အစည်းများ၊ အကျိုးအမြတ်မယူသော အဖွဲ့များ ပူးပေါင်း၍ အသိပညာမြှင့်တင်ခြင်း၊ ရင်သားကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်းတို့ကို အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ကြသည်။
🌸 ၂၀၂၃ ခုနှစ်၊ ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ တွင် မည်ကဲ့သို့ ပါဝင်ဆောင်ရွက်နိုင်သနည်း?
အသိပညာမြှင့်တင်ရေးလတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် ရင်သားကင်ဆာကို ရင်ဆိုင်တိုက်ဖျက်ရာတွင် သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို ဖြစ်စေပါသည်။ အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ပါဝင်နိုင်ပါသည်။
🧬 (ရင်သားကို) မိမိကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း – ရင်သားကင်ဆာလက္ခဏာများနှင့် ရင်သားတွင် တစ်စုံတစ်ရာ ပြောင်းလဲမှုများ ရှိပါက ကျန်းမာရေးစောင့်ရှောက်သူ (နီးစပ်ရာဆရာဝန်) ကို စောစီးစွာ အသိပေးကာ တိုင်ပင်ဆွေးနွေးနိုင်စေရန် မိမိရင်သားကို ပုံမှန် စမ်းသပ်စစ်ဆေးပါ။
🧬 (ကျွမ်းကျင်သူနှင့်) စမ်းသပ်စစ်ဆေးခြင်း – အသက် (၄၀) ကျော်ပါက ကျန်းမာရေးစောင့်ရှောက်သူနှင့် ရင်သားကို ပုံမှန် စမ်းသပ်စစ်ဆေးမှု ခံယူပါ။
🧬 Mammograms (ရင်သားဓာတ်မှန်ရိုက်ခြင်း) – (ဓာတ်မှန်ရိုက် စမ်းသပ်စစ်ဆေးသင့်သည့်) အသက်အရွယ်ရောက်ပါက ကျန်းမာရေးစောင့်ရှောက်သူမှ ညွှန်ကြားသည့်အတိုင်း ပုံမှန် ရင်သားဓာတ်မှန်ရိုက်ကာ စမ်းသပ်စစ်ဆေးပါ။
🧬 ရန်ပုံငွေ ထည့်ဝင်ပါ – ရင်သားကင်ဆာနှင့်ပတ်သက်သော သုတေသန၊ အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်းနှင့် အထောက်အပံ့အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ထည့်ဝင် လှူဒါန်းပါ။
🧬 ရန်ပုံငွေရှာဖွေရေးများတွင် ကူညီအားဖြည့်ပါ – ရင်သားကင်ဆာအတွက် ကူညီထောက်ပံ့ရန် လမ်းလျှောက်ပွဲများ၊ အပြေးပြိုင်ပွဲများ ကဲ့သို့သော ပရဟိတ ရန်ပုံငွေရှာဖွေရေးပွဲများတွင် ဝင်ရောက် ပူးပေါင်းပါဝင်ပါ (သို့မဟုတ်) စီစဥ်ကျင်းပပါ။
🧬 ပန်းရောင် အသုံးပြုဝတ်ဆင်ပါ – ပန်းရောင်ဖဲကြိုးများ၊ အဝတ်အထည်များ (သို့မဟုတ်) အသုံးအဆောင်များ ဝတ်ဆင်ခြင်းဖြင့် သင်၏ ထောက်ခံအားပေးမှုကို ပြသပါ။
🧬 သတင်းအချက်အလက် မျှဝေပါ – ရင်သားကင်ဆာဆိုင်ရာ အချက်အလက်များ၊ ဇာတ်ကြောင်းများ၊ သတင်းအရင်းအမြစ်များကို #BreastCancerAwarenessMonth #ရင်သားကင်ဆာအသိပညာမြှင့်တင်ရေးလ ဟူသော Hashtags # သုံးကာ ဆိုရှယ်မီဒီယာ အသုံးပြု မျှဝေပါ။
🌸 ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ ဖြစ်ပေါ်လာပုံ သမိုင်း
၁၉၈၀ နှစ်များမှ စ၍ ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ ကို ရင်သားကင်ဆာနှင့် ပတ်သက်ပြီး အသိပညာမြှင့်တင်ရန်၊ ရင်သားကင်ဆာ လက္ခဏာများကို ဆောလျင်စွာ သတိထားမိစေရန်၊ ရင်သားကင်ဆာရောဂါ ခံစားနေရသူများကို ဝိုင်းဝန်းကူညီအားပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရန်နှင့် ရင်သားကင်ဆာရောဂါ ဝေဒနာရှင်များအတွက် ရလဒ်များ ပိုမိုကောင်းမွန်လာရန် အထောက်အကူပေးသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်လာပါသည်။
🌸 အသုံးပြုနိုင်သည့် Hashtags # များ
ရင်သားကင်ဆာဆိုင်ရာ အသိပညာမြှင့်တင်ရေး လ နှင့် သက်ဆိုင်သော သတင်းအချက်အလက်နှင့် အတွေ့အကြုံများ မျှဝေရာတွင် ဤ Hashtags # များကို အသုံးပြုနိုင်ပါသည်။
#BreastCancerAwareness
#BreastCancerAwarenessMonth
#EarlyDetection
#BreastCancerSupport
#MammogramsSaveLives
#PinkRibbon
#ရင်သားကင်ဆာအသိပညာပေး
#ရင်သားကင်ဆာအသိပညာမြှင့်တင်ရေးလ
#ဆောလျင်စွာကုသ #စောစောသိစောစောကု
#ရင်သားကင်ဆာထောက်ပံ့အားပေးရေး
#ရင်သားဓာတ်မှန်ရိုက်ခြင်းဖြင့်အသက်များစွာကိုကယ်တင်နိုင်သည်
#ပန်းရောင်ဖဲကြိုး
Reference:
https://www.awarenessdays.com/awareness-days-calendar/breast-cancer-awareness-month-2023/
🌷 ရင်သားကင်ဆာ
https://www.facebook.com/MoHNUGMyanmar/posts/pfbid02rSzMRaU2ETnq6Qsun3e9dUPFDr3RZGGzq8qrrk22kzujMYrbEzLX1LHzULF8o4F3l
🌷 ရင်သားရောဂါ အဖြေရှာ
https://www.facebook.com/telehealthmm/posts/pfbid0LBz4fAR2c5WnVbLBLQv3ax7CHKAWjWZR4XM9V2M7UBt97eEoRAPUzD5aNuC8ggJRl
🌷 သတိထားစရာ ရင်သားကင်ဆာ
https://www.facebook.com/telehealthmm/posts/pfbid02o63q7pGK6QnEfM7ig8C6TLZcjaJANdXmo43yZJYA8HvJjEXkWMgUujz8Xzq7npa9l
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ministry of Health,
National Unity Government.

Published on: October 24, 2023
Last updated: October 24, 2023