မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ စိတ်ဝင်စားဖွယ် အချက် (၅) ချက် (Feb 2023)
၁။ ကလေးမွေးဖွားသည့် အချိန်၌ မိခင်၏ ခန္ဓာကိုယ်သည် နို့ချိုတိုက်ကျွေးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ နို့ဦးရည်သည် အရည်ပျစ်၍ အဝါရောင်ရှိသည်။ နို့ဦးရည်တွင် ရေဓာတ်ပါဝင်မှု နည်းသောကြောင့် ပမာဏအနည်းငယ်သာ တိုက်ကျွေးရန်လိုအပ်သည်။
၂။ မိခင်နို့ တိုက်ကျွေးနေစဥ် ကာလအတွင်း မိခင်နှင့် ကလေးငယ် နှစ်ဦးစလုံးတွင် စိတ်ဖိစီးမှုနှင့် စိုးရမ်ပူပန်မှု လျော့နည်းစေသည့် အောက်ဆီတိုစင် (Oxytocin) ဟော်မုန်း ထွက်ရှိသောကြောင့် မိခင်နှင့် ကလေးအကြား ချစ်ခင်တွယ်တာမှုကို ဖြစ်ပေါ်စေသည်။
၃။ မိခင်နို့ တိုက်ကျွေးခြင်းသည် ကလေးငယ်၏ အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားများကို ဖြစ်ထွန်းစေသောကြောင့် ကလေးငယ်၏ ဘဝအတွက် ကောင်းမွန်သည့် ကိုယ်ခံအားစနစ်ကို ရရှိစေပါသည်။
၄။ မိခင်နို့တွင် ပါဝင်သော ပဋိပစ္စည်းများသည် ကလေးငယ်အား ပတ်ဝန်းကျင်ရှိ ကူးစက်ရောဂါပိုးများကို ခုခံတိုက်ထုတ်ရန် အထောက်အကူပြုပါသည်။
၅။ ကလေးငယ်များသည် မွေးခါစ ပထမရက်အနည်းငယ်တွင် မကြာခဏ နို့စို့လေ့ရှိသည်။ အစောပိုင်းရက်များတွင် ကလေးငယ် နို့စို့သည့်အကြိမ်ရေ များလေလေ၊ မိခင်၏ ခန္ဓာကိုယ်မှ မိခင်နို့ ပိုမိုထွက်ရှိရန် မြန်လာလေလေ ဖြစ်ပါသည်။
Source: World Health Organization (WHO)
Ministry of Health,
National Unity Government.
#nugmoh#breastfeeding#breastfeed#breastmilk

Published on: 19 February 2023
Last Updated: 19 February 2023