Telehealth News

“Oral Cancer” (In Ethnic Languages) (February 2024)

ဆေးလိပ်နဲ့ ကွမ်းယာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတော်တော်များများ မကင်းနိုင်ကြတဲ့ အရာတွေဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကာစီနိုဂျင် (Carcinogen) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ ဒီထဲမှာမှ ခံတွင်းကင်ဆာကလည်း အပါအဝင်ပေါ့။ အထူးသဖြင့် ကွမ်းစားသူတွေ၊ ဆေးလိပ်၊ အရက် သောက်သူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် …

“Oral Cancer” (In Ethnic Languages) (February 2024) Read More »

“Optic Neuritis” (February 2024)

အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) Optic neuritis ဆိုတာကတော့ မျက်လုံးရဲ့ အမြင်အာရုံကြော ရောင်ရမ်းတဲ့ရောဂါ ဖြစ်ပါတယ်။ အဲဒီ အမြင်အာရုံကြောဟာ မျက်လုံးနဲ့ ဦးနှောက်ကို ကေဘယ်ကြိုးတွေလို ဆက်သွယ်ပေးထားတဲ့ အာရုံကြောအမျှင်အစုဖြစ်ပြီး မျက်လုံးကနေ အမြင်အာရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အာရုံကြောအမျှင်တွေပေါ်မှာ …

“Optic Neuritis” (February 2024) Read More »

“Temporomandibular Joint Disorder” (February 2024)

လူတွေရဲ့ခန္ဓာကိုယ်မှာ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံကို ဆက်သွယ်ပေးထားတဲ့ တံခါးပတ္တာတစ်ခုလိုပါပဲ။ မေးရိုးတစ်ဖက်တစ်ချက်ဆီမှာ ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်သွယ်ထားတဲ့ မေးရိုးဆစ်တွေ ရှိပါတယ်။ မေးရိုးဆစ်တွေဟာ အစာစားတဲ့အခါ ဝါးတာ၊ ကြိတ်ခြေတာ အစရှိတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်ပေးပါတယ်။ Temporomadibular joint disorder (TMD) ဆိုတာကတော့ မေးရိုးဆစ်မှာ ဒါမှမဟုတ် …

“Temporomandibular Joint Disorder” (February 2024) Read More »

“Health Benefits of Spinach” (February 2024) (Video)

အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပါပဲ။ ကျနော်တို့နေ့စဉ်စားနေတဲ့ အစားအစာတွေဟာ ကျန်းမာရေးကို အကျိုးပြုနိုင်သလို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ အစားမတော်တစ်လုတ်ဆိုတဲ့စကားအတိုင်း သတိပြုဆင်ခြင်ဖို့လိုတာပေါ့ခင်ဗျာ။ ဒီ Video လေးမှာတော့ ကျနော်တို့အားလုံးစားဖူးကြတဲ့ ဟင်းနုနွယ်ရွက်ရဲ့ အကျိုးအာနိသင်တွေ၊ သိပ်မသိကြသေးတဲ့ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်ပုံတွေနဲ့ ဆေးဘက်ဝင်ပုံတွေကို ဒေါက်တာဆုတောင်းပြည့်က စိတ်ဝင်စားဖွယ် မျှဝေပေးထားပါတယ်။ Ministry of Health,National …

“Health Benefits of Spinach” (February 2024) (Video) Read More »

“Driving and Alcohol” (In Ethnic Languages) (February 2024)

မောင်းလျှင် မမူးနှင့်မူးလျှင် မမောင်းနှင့် …။ အရက်သောက်ပြီး ယာဥ်မောင်းခြင်းဟာ ယာဥ်မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ အသက်အန္တရာယ်အထိပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ပြီး ဖြစ်ပွားတဲ့ ယာဥ်မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ကာကွယ်နိုင်ဖို့အတွက် အရက်သောက်ပြီး ယာဉ်မောင်းတာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။ ခုတစ်ပတ်မှာတော့ အသက်ရှင်လျက် …

“Driving and Alcohol” (In Ethnic Languages) (February 2024) Read More »

“Narcolepsy” (February 2024)

ညဘက်တွေမှာ အိပ်မပျော်တာဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သလို နေ့ဘက်တွေမှာ ခဏခဏ အိပ်ငိုက်တတ်တာကလည်း သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Narcolepsy လို့ခေါ်တဲ့ နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီရောဂါမှာ ကာယကံရှင်ဟာ ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ …

“Narcolepsy” (February 2024) Read More »

Measles (Video) (January 2024)

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာ မနက်ဖြန်ဆိုရင် ၃ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီ ၃ နှစ်အတွင်း ပြည်သူလူထုအနေနဲ့ ဒုက္ခမျိုးစုံကို တစ်နေ့မပြတ်ခံစားကြရပါတယ်။ စစ်တပ်အာဏာသိမ်းခြင်းကြောင့် အသက် ၅ နှစ်အောက်ကလေးငယ်များစွာဟာ ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီးကာကွယ်နိုင်တဲ့ ရောဂါတွေကို မကာကွယ်နိုင်တဲ့အပြင် အချို့သောရောဂါတွေဟာ ကပ်အသွင်ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတာတွေ့ရပါတယ်။ ဒီရောဂါတွေထဲမှာ ကူးစက်ပျံ့ပွားလွယ်တဲ့ ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး …

Measles (Video) (January 2024) Read More »

“World Neglected Tropical Diseases Day 2024” (January 2024)

ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့၊ ၂၀၂၄ ခုနှစ်World Neglected Tropical Diseases Day 2024 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက် စုစည်းပါ။ လုပ်ဆောင်ပါ။ တိုက်ဖျက်ပါ။Unite. Act. Eliminate စုစည်းပါ။ (Unite.)ကျွန်ုပ်တို့သာ ပေါင်းစည်းလုပ်ဆောင်မည်ဆိုလျှင် ကမ္ဘာတစ်ဝှမ်းရှိ …

“World Neglected Tropical Diseases Day 2024” (January 2024) Read More »

“World Leprosy Day – January 28, 2024”

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အနာကြီးရောဂါ တိုက်ဖျက်ရေးနေ့ (၂၈-၁-၂၀၂၄) ကမ္ဘာ့အနာကြီးရောဂါ တိုက်ဖျက်ရေးနေ့ (World Leprosy Day) ကို နှစ်စဉ် ဇန်နဝါရီလ နောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပပါသည်။ ယခုနှစ်၏ ဇန်န၀ါရီလ (၂၈)ရက်၊ တနင်္ဂနွေနေ့သည် ကမ္ဘာ့အနာကြီးရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့အနာကြီးရောဂါ တိုက်ဖျက်ရေးနေ့၏ …

“World Leprosy Day – January 28, 2024” Read More »

“Alcoholism and Health” (In Ethnic Languages) (January 2024)

အသည်းကွဲလို့ အရက်သောက်တယ်စိတ်ညစ်လို့ အရက်သောက်တယ်ပျော်လွန်းလို့ အရက်သောက်ကြတယ်။ ဘာကြောင့်ပဲ သောက်သောက် အရက်သောက်တယ်ဆိုတာဟာ ကျန်းမာရေးအတွက် ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ “တန်ဆေး လွန်ဘေး” ဆိုသလိုပဲ အရက်ကို တစ်ခါတစ်ရံသောက်တာက မပြောပလောက်ပေမယ့် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အခုတစ်ပတ်မှာတော့“အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် ကျန်းမာရေးပြဿနာများ” အကြောင်းကို လူမျိုးပေါင်းစုံ (၁၀) …

“Alcoholism and Health” (In Ethnic Languages) (January 2024) Read More »