Chronic Obstructive Pulmonary Disease ( COPD ) ( June, 2022 )

နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ( June, 2022 )

🚬ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ်

💡ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်…

– လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း
– လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း
– နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း
– အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။

💡ဆေးလိပ်အပြင်
– ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ
– သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ
– အလုပ်ရုံ/စက်ရုံတွေထဲမှာ ဓာတုဓာတ်ငွေ့တွေ အချိန်ကြာရှူရခြင်းတို့ကြောင့်လည်း နာတာရှည်လေပြွန်ကျဉ်းစေပါတယ်

💡အသက်ငယ်ငယ် ပိန်ပိန်ရှည်ရှည်နဲ့ နာတာရှည်လေပြွန်ကျဉ်းရောဂါဖြစ်ခဲ့ရင်တော့ Alpha 1 anti-trypsin ဆိုတဲ့ enzyme ချို့တဲ့ခြင်း​ကြောင့်လည်းဖြစ်နိုင်ပါတယ်

💡နာတာရှည်လေပြွန်ကျဉ်းခြင်းကို အမျိုးအစား(၂)မျိုးခွဲထားပါတယ်

(၁)နာတာရှည်လေပြွန်ရောင်ခြင်း (Chronic bronchitis)
(၂)အဆုတ်အတွင်းရှိ လေအိတ်များပျက်စီးခြင်း (emphysema)

💡ရောဂါလက္ခဏာတွေကတော့

– ချောင်းဆိုးပြီး သလိပ်ထွက်ခြင်း( ၃လနဲ့အထက် ၂နှစ်ဆက်တိုက်ကြာအောင်ဆိုးနေခြင်း)
– အသက်ရှူရာတွင် တရွှီရွှီမြည်ခြင်း
– နည်းနည်းလေးလှုပ်တာနဲ့မောနေခြင်း
– ပင်ပန်းနွမ်းနည်ခြင်း
– ပိန်သွားခြင်း
– ခြေထောက်ဖောလာခြင်း
– အရိုးပွခြင်း တို့ဖြစ်ပါတယ်

💡နောက်ဆက်တွဲအနေနဲ့ကတော့

– အဆုတ်ပိုးဝင်ခြင်း (chest infection)
– အဆုတ်အားနည်းခြင်း (Respiratory failure)
– နှလုံးအားနည်းတာခြင်း (Heart failure)
– အဆုတ်ကင်ဆာ (Lung cancer) တို့အထိဖြစ်နိုင်ပါတယ်

💡ဘာတွေစစ်ဆေးရမလဲဆိုရင်တော့

– သွေးစစ်ခြင်း (Full blood count)
– သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း(ABGA)
– ရင်ဘတ်ဓာတ်မှန်(Chest X Ray)၊ CTရိုက်ခြင်း
– ECG ဆွဲခြင်း
– အဆုတ်အားကောင်းမကောင်း spirometry နှင့်စမ်းသပ်ခြင်းတို့ပြုလုပ်နိုင်ပါတယ်

💡နာတာရှည်လေပြွန်ကျဥ်းတာက အရှင်းပြန်ပျောက်နိုင်လားဆိုရင်တော့

မပျောက်နိုင်ပါဘူး။ ရောဂါပိုဆိုးမသွားအောင်ဘဲ ထိန်းထားလို့ရပါတယ်။

💡ထပ်မဆိုးသွားအောင်၊ နောက်ဆက်တွဲတွေမဖြစ်အောင်ဆိုရင်တော့

❌အဓိကကတော့ ဆေးလိပ်ကို ကြိမ်းသေဖြတ်ပေးပါ
❌အနားမှာဆေးလိပ်သောက်သူရှိရင်လည်း မရှူမိအောင်ရှောင်ပါ
❌ဓာတုဓာတ်ငွေ့များကိုလည်း မရှူမိအောင်ရှောင်ပါ

✔️အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ
✔️လေကောင်းလေသန့်ရှူပေးပါ
✔️နားနားနေနေနေပေးပါ

💡ကုသနည်းတွေကတော့

✔️အမောသက်သာအောင် လေပြွန်ကျယ်ပေးတဲ့ဆေး (bronchodilator) ကိုဂေါက်တံနှင့်ရှူရခြင်း
( စနစ်တကျရှူနည်းကိုတော့ ပန်းနာရင်ကြပ်ခြင်းpost တွင်ရေးထားပါတယ် )

✔️ချွဲပျော်ဆေး(mucolytic)သောက်ရခြင်း

ဆရာဝန်၏ညွှန်ကြားချက်အရ
✔️အိမ်တွင် အောက်ဆီဂျင်ပုံမှန်ရှူခြင်း(Long term oxygen therapy)
( အောက်ဆီဂျင်ပေးထားတဲ့အခါမှာ SpO2 ကို ၈၈-၉၂ကြားထားပေးပါ )

✔️အဆုတ်ပိုးပါဝင်ရင်တော့ ပိုးသတ်ဆေး(Antibiotic)
ပေးပါတယ်

✔️Flu vaccine ကိုလည်းတစ်နှစ် တစ်ကြိမ်ထိုးသင့်ပါတယ်

Reference 📚
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.242
OHCM 10th edition pg 184

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

Published on: 8 June 2022
Last Updated: 8 June 2022