Colonoscopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း ) ( June, 2022 )

အူမကြီးမှန်ပြောင်းကြည့်ခြင်း ( June, 2022)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

❓၁။ ဘယ်လိုအခြေအနေတွေမှာ ကြည့်သင့်ပါသလဲ?

👉ဗိုက်အောင့်ရတဲ့အကြောင်းရင်းကိုသိဖို့။

👉ကြာရှည် ၀မ်းလျှော၀မ်းပျက်ဖြစ်စေတဲ့ အကြောင်းရင်းကို သိဖို့။

👉အူမကြီးကနေသွေးထွက် (၀မ်းသွားတဲ့အခါ စတော်ဘယ်ရီ‌ နီညိုရောင်ဂျယ်လီလိုမျိုး သွေးတွေချွဲတွေပါတာ)။

👉ကင်ဆာရှိ/မရှိ စစ်ဆေးချင်တဲ့အခါ (အသက် ၄၅ နှစ်အထက်)။

👉အရင်က အူမကြီး အသားပို ဖြတ်ဖူးလို့ ရက်ချိန်းပြန်ပြရတဲ့အခါ။

❓၂။မှန်ပြောင်းကြည့်ရင် အန္တရာယ်ရှိပါသလား?

👉အသားစယူတဲ့နေရာကတော့ သွေးအနည်းအကျဉ်းထွက်တတ်ပါတယ်။

👉အူပေါက်တတ်ပါတယ် ( အင်မတန်တော့ရှားပါတယ်။ ဖြစ်နိုင်ခြေအားဖြင့် <၁% ပါ)။

❓၃။ မှန်ပြောင်း မကြည့်ခင် ဘာတွေပြင်ဆင်ရမလဲ?

👉မကြည့်ခင် အူဆေးဖို့ အူသန့်ဖို့ လိုပါတယ်။ လုပ်ပုံလုပ်နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုစစ်ဆေးကြည့်ရှုပေးမယ့် ဆရာ၀န်ကြီး (သို့) ဆေးခန်းက မှာကြားတဲ့အတိုင်း အစားအသောက် ဆင်ခြင်တာနဲ့ ၀မ်းနှုတ်ဆေးသောက်တာတွေ လုပ်ရမှာပါ။ ၀မ်းမစင်ရင် ကြည့်လို့အဆင်မပြေဖြစ်တတ်လို့ နောက်တစ်ခေါက် ပြန်ကြည့်ရတာတွေရှိတတ်ပါတယ်။

❓၄။ ဘယ်လိုကြည့်မှာလဲ?

👉စအိုကနေ လက်ညှိုးလုံးလောက် မှန်ပြောင်းထည့်ပြီး ကြည့်တာပဲဖြစ်ပါတယ်။ ထုံဆေး၊ အိပ်ဆေး၊ မေ့ဆေး သုံးပြီး ကြည့်လေ့ရှိကြပါတယ်။ မေ့ဆေးမသုံးရင်တော့ အူထဲကို လေဖောင်းချိန် နည်းနည်းနာတာ သိပါမယ်။ မေ့ဆေးနဲ့ကြည့်ရင်တော့မနာပါဘူး။ သိတောင်မသိလိုက်ဘဲ မေ့ဆေးပြယ်ပြီး နိုးတဲ့အချိန် မှန်ပြောင်းကြည့်ပြီး ဖြစ်နေပါပြီ။ ကြည့်နေတုန်းမှာလည်း နှလုံးခုန်နှုန်းနဲ့ အောက်ဆီဂျင်ကို စောင့်ကြည့်နေပါတယ်။ အကြမ်းအားဖြင့် ၁၅မိနစ်မှ နာရီ၀က်လောက်တော့ ကြာတတ်ပါတယ်။

❓၅။ မှန်ပြောင်းကြည့်ပြီးနောက် ဘာတွေဂရုစိုက်ရမလဲ?

👉မေ့ဆေးသုံးပြီး မှန်ပြောင်းကြည့်ခံထားတဲ့ လူနာတစ်ယောက်ဟာ အများအားဖြင့် ကြည့်ပြီး တစ်နာရီ လောက်နေမှ နိုးတတ်ပါတယ်။

❎မှန်ပြောင်းကြည့်ထားတဲ့သူက အပြန်လမ်းမှာတော့ ကားမောင်းလို့မရပါဘူး။

အဖော်ပါရပါမယ်။

✅လေကယ်သလိုလိုဖြစ်ပြီး လေတွေတောက်လျှောက်လည်လည်း မစိုးရိမ်စရာလိုပါဘူး။ ဖြစ်တတ်ပါတယ်။ မှန်ပြောင်းကြည့်ပြီးနောက် ပထမဆုံးသွားသွားချင်း၀မ်းမှာ သွေးပါရင် မကြောက်ပါနဲ့။ ဖြစ်တတ်ပါတယ်။

✅မှန်ပြောင်းကြည့်ပြီးရလာတဲ့ အဖြေပေါ်မူတည်ပြီး လိုအပ်သလို ဆရာ၀န်နဲ့ ဆက်လက်တိုင်ပင် ဆွေးနွေး ကုသ ရမှာပဲဖြစ်ပါတယ်။

Reference 📚
📎Mayo clinic.org.n.d. Colonoscopy-Mayo Clinic.[online] Available at <https://www.mayoclinic.org/…/colo…/about/pac-20393569…(koe%2Dlun%2D,is%20insert…>

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
*** ကုသမှုအားလုံး အခမဲ့ (အခမဲ့) ဖြစ်ပါသည် ***

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm )ကိုနှိပ်ပါ။

ချက်ချင်းဆေးခန်းပြရန်အတွက်( https://t.me/TelehealthMM )ကိုနှိပ်ပါ။

Ministry of Health,

National Unity Government.

Published on: 20 June 2022
Last Updated: 20 June 2022