Commit to Quit (February, 2023)

ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီးနဲ့ ဝေးဝေးနေတာ ကြာလေလေ … ပိုမိုပြီး ကျန်းမာလေလေ (Feb 2023)

🚭 (၂၀) မိနစ် – နှလုံးခုန်နှုန်း ကျလာမည်။
🚭 (၁၂) နာရီ – သွေးတွင်း ကာဗွန်မိုနောက်ဆိုက် ပါဝင်မှု ပုံမှန်သို့ ကျလာမည်။
🚭(၂) ပတ် မှ (၃) လ – နှလုံးဖောက်နိုင်ခြေ စတင်ကျလာမည်။ အဆုတ် လုပ်ငန်းလုပ်ဆောင်မှု စတင်တိုးတက်လာမည်။
🚭 (၁) လ မှ (၉) လ – ချောင်းဆိုးခြင်းနှင့် အသက်ရှူကျပ်၍ မောခြင်း လျော့နည်းလာမည်။
🚭 (၁) နှစ် – နှလုံးသွေးကြောကျဉ်းရောဂါ ထပ်တိုးဖြစ်နိုင်ခြေသည် ဆေးလိပ်/ကွမ်းယာ … သောက်/စားသူနှင့် ယှဉ်လျှင် ထက်ဝက် ကျဆင်းလာမည်။
🚭 (၅) နှစ် – ဆေးလိပ်/ကွမ်းယာ ဖြတ်ပြီး (၅) နှစ် မှ (၁၅) နှစ်ကြာသောအခါ လေဖြတ်နိုင်ခြေသည် ဆေးလိပ်/ကွမ်းယာ … မသောက်/မစားသူတစ်ဦးကဲ့သို့ လျော့ကျသွားမည်။
🚭 (၁၀) နှစ် – အဆုတ်ကင်ဆာဖြင့် သေဆုံးနိုင်ခြေသည် ဆေးလိပ်/ကွမ်းယာ … သောက်/စားသူနှင့်ယှဉ်လျှင် ထက်ဝက်ခန့်သာ ရှိတော့မည်ဖြစ်မည်။
🚭 (၁၅) နှစ် – နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေသည် ဆေးလိပ်/ကွမ်းယာ … မသောက်/မစားသူတစ်ဦးကဲ့သို့ ပြန်ကျသွားမည်။

ရုန်းထွက်သူသာ အောင်မြင်ရာ (Quitters are winners)

ရုန်းထွက်ဖို့ကတိပြုပါ #CommitToQuit

Source: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #smoking #tobacco #ဆေးလိပ် #ကွမ်းယာ #ဆေးရွက်ကြီး

Ministry of Health,

National Unity Government.

Published on: 10 February 2023
Last Updated: 10 February 2023