လေဖြတ်ခြင်း၏ အဖြစ်များသော လက္ခဏာများ (ဧပြီလ၊ ၂၀၂၄ ခုနှစ်)

– မျက်နှာ၊ လက်၊ ခြေထောက် သို့မဟုတ် ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် ရုတ်တရက် အားနည်းခြင်း သို့မဟုတ် ထုံကျဉ်ခြင်း။

– စိတ်ရှုပ်ထွေးခြင်း၊ စကားပြောရ ခက်ခဲခြင်းနှင့် ပြောစကားကို နားလည်ရန် ခက်ခဲခြင်း။

– မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ကြည့်ရခက်ခဲခြင်း။

လမ်းလျှောက်ရ ခက်ခဲခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း သို့မဟုတ် ဟန်ချက်ထိန်းရန် ခက်ခဲခြင်း။

– အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။

– သတိလစ်ခြင်း သို့မဟုတ် မေ့မြောခြင်း။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တစ်ကွ ဖော်ပြပေးထားပါတယ်။

(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic

#stroke#stroke_prevention

#လေဖြတ်ခြင်း၏အဖြစ်များသောလက္ခဏာများ

Published on: April 7, 2024

Last updated: April 7, 2024