၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဩစတေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ရောက်ရှိစဉ်
■ Queensland ပြည်နယ်မှ မြန်မာကျန်းမာရေးမိသားစုဝင်များ (Queensland Medical diasporas) က Australian Dollar (AUD) 14,032 ကိုလည်းကောင်း၊
■ Aye’s gallery by WY က Australian Dollar (AUD) 6,323.19 ကိုလည်းကောင်း၊
စုစုပေါင်း Australian Dollar (AUD) 20,355.19 ကို NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် နွေဦးတော်လှန်ရေး ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
Ministry of Health,
National Unity Government.

Published on: September 27, 2023
Last updated: September 27, 2023