CoQ10 ကြောင်းသိကောင်းစရာ ( December, 2022)

CoQ10 အကြောင်းသိကောင်းစရာ

🔸CoQ10 ( Coenzyme Q10 ) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အစားအစာအများစုမှာလည်း CoQ10 ပါဝင်ပါတယ်။ Antioxidant အနေနဲ့လည်း လုပ်ဆောင်လို့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာလည်း အရေးပါပါတယ်။

🔸CoQ10 ဟာ ပုံမှန်ကျန်းမာရေးကောင်းသူတွေမှာ ခန္ဓာကိုယ်တွင်း လုံလောက်တဲ့ပမာဏရှိပေမယ့် အသက်ကြီးတဲ့သူတွေနဲ့ အချို့သောရောဂါရှိသူတွေမှာတော့ CoQ10 ကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်သုံးပေးတာဟာ ပိုပြီးအကျိုးကျေးဇူးများတာတွေ့ရပါတယ်။ CoQ10 ရဲ့ အကျိုးကျေးဇူးတွေကတော့…

* သွေးပေါင်ချိန်ကိုအနည်းငယ်ကျစေခြင်း

* နှလုံးပျက်စီးမှုကို ကာကွယ်ပေးပြီး နှလုံးရောဂါကြောင့် သေဆုံးနှုန်းကို နည်းစေခြင်း

* Statin အဆီကျဆေးသောက်သုံးသူများတွင် ဘေးထွက်ဆိုးကျိုးများခံစားရမှုကို လျော့နည်းစေခြင်း

* အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကို နှေးစေခြင်း

* ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေခြင်း

* သုတ်ပိုးအရေအတွက်ကောင်းမွန်စေခြင်းနှင့်

* ကင်ဆာ၊ HIV နှင့် အချို့သောရောဂါများ ကောင်းကျိုးအနည်းငယ်ရှိခြင်းတို့ ဖြစ်ပါတယ်။

🔸CoQ10 ဖြည့်စွက်အားဆေးကို ဘယ်လိုသောက်သုံးသင့်သလဲ?

CoQ10 ဖြည့်စွက်ဆေးကို တစ်နေ့လျှင် 100mg မှ 200mg ထိ သောက်သုံးပေးနိုင်ပါတယ်။ အရွယ်​ရောက်ပြီးလူကြီးပိုင်းတွေမှာတော့ 1200mg သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဘူးအညွှန်းပါ ပမာဏအတိုင်း သောက်သုံးသင့်ပါတယ်။

🔸ပုံမှန်အစားအစာတွေကနေရော CoQ10 ကိုရနိုင်သလား?

အစားအစာတွေမှာ သဘာဝအတိုင်းပါဝင်တဲ့ CoQ10 ပမာဏက နည်းပါတယ်။ CoQ10 ပါဝင်မှုများတဲ့ အစားစာတွေကတော့ တူနာငါး၊ ဆောလ်မွန်ငါး၊ ဆာဒင်းငါး၊ အသားအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်ဆီတို့ပဲ ဖြစ်ပါတယ်။

🔸CoQ10 ဖြည့်စွက်ဆေးသောက်သုံးတော့မယ်ဆိုရင် ဘာတွေကို သတိထားရမလဲ?

* ဝမ်းလျှောခြင်း၊ ရင်ပူခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

* နှလုံးပျက်စီးနေသူများ၊ ဆီးချိုသွေးချိုနှင့် အသည်းရောဂါစတဲ့ နာတာရှည်ရောဂါရှိသူတွေမှာ CoQ10 ဖြည့်စွက်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

* သွေးကျဲဆေးနှင့် သိုင်းရွိုက်ဆေးသောက်သုံးနေသူတွေ၊ ကင်ဆာဆေးသွင်းနေသူတွေမှာဆိုလျှင်လည်း CoQ10 မမှီဝဲခင် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။

* ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာ CoQ10 ဖြည့်စွက်ဆေးကို မသောက်သုံးသင့်ပါဘူး။

Reference:📚
https://www.webmd.com/…/supplement-guide-coenzymeq10-coq10

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#CoQ10#CoenzymeQ

Ministry of Health,

National Unity Government.

Published on: 1 December 2022
Last Updated: 1 December 2022