Crowdfunding in Japan

ယနေ့ မတ်လ ၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီကစပြီး ဂျပန်ရှိမြန်မာလူမျိုးများ အဓိက စတင်တဲ့ Crowdfunding လေး ဂျပန်နိုင်ငံမှာ စတင်ပါပြီ။

မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ

  • စစ်ဘေးရှောင်ပြည်သူများ
  • ပြည်သူ့ဘက်တော်သားဝန်ထမ်းများ
  • ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကူညီဖို့ဖြစ်ပြီး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော International Society of Myanmar Scholars and Professionals, Japan Myanmar Friendship Association(一般社団法人)日本ミャンマー友好協会本部, Burma Relief Center Japan နှင့် INEB – International Network of Engaged Buddhists နှင့် ချိတ်ဆက်ပြီး လှူဒါန်းမှာဖြစ်ပါတယ်။

အောက်ဖော်ပြပါ လင့်ခ်ကနေ သွားရောက် လှူဒါန်းပေးရမှာဖြစ်ပါတယ်။ (ဂျပန်ဘာသာဖြင့်သာ၊ အင်္ဂလိပ်ဘာသာ စီစဉ်နေဆဲ)

↓↓https://readyfor.jp/projects/freemm2022

ကိုယ်တိုင်ပါဝင်လှူဒါန်းရုံသာမက မိမိပတ်ဝန်းကျင်မှာရှိတဲ့ ဂျပန်လူမျိုးများ၊ ဂျပန်ရှိ မြန်မာအသိုင်းအဝိုင်းများကိုပါ နှိုးဆော်ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ်။

Ministry of Health,

National Unity Government.

Published on: 1 March 2022
Last Updated: 1 March 2022