မုန်တိုင်းနှင့် သင့်ကျန်းမာရေး (မေလ၊ ၂၀၂၃ ခုနှစ်)
🔴 အပူပိုင်းမုန်တိုင်း/ ဆိုင်ကလုန်း တိုက်ခတ်နေစဉ်အတွင်း
🌀 ကမ်းရိုးတန်းတွင် နေထိုင်သူများသည် မုန်တိုင်း ဒီရေလှိုင်းများကြောင့် အသက်ဆုံးရှုံးနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ခံစားရသည်။
🌀 ကုန်းတွင်းပိုင်းတွင် နေထိုင်သူများအတွက်မူ မိုးကြီးခြင်းကြောင့်ဖြစ်သော ရေကြီးရေလျှံခြင်းကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ခံစားရသည်။
🔴 တိုက်ရိုက်ကျန်းမာရေးပြဿနာများ
🌀 ရေနစ်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း၊ ပြတ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးများကို ထိကိုင်မိခြင်း၊ ပြိုကျလာသော (သို့မဟုတ်) ရွေ့လျားနေသော ပစ္စည်းများကြားတွင် ပိတ်မိခြင်း၊ ရွံ့နွံများ (သို့မဟုတ်) မြေပြိုခြင်း တို့ကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ အသက်သေဆုံးခြင်း။
🌀 မြွေ၊ ပင့်ကူ၊ တွားသွားသတ္တဝါ၊ ကြွက်တို့ကဲ့သို့ နေရာရွှေ့ပြောင်းလာသော တောရိုင်းတိရစ္ဆာန်များ ကိုက်ခြင်းနှင့် ၎င်းတို့ကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခြင်း။
🔴 အခြားကျန်းမာရေးပြဿနာများ
🌀 လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ အိုးအိမ်များနှင့် ရေသန့်စင်ရေးစနစ်များ ပျက်စီးသောကြောင့် သန့်ရှင်းဘေးကင်းသော ရေ၊ အစားအစာနှင့် အိမ်ရာများမရှိခြင်း။
🌀 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ (မသန့်သော/ ရောဂါပိုးပါသော အစားအစာနှင့် ရေတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်းနှင့် နောက်ဆက်တွဲအနေဖြင့် ရေဓာတ်ခန်းခြောက်ခြင်း။
🌀 မုန်တိုင်းတိုက်ခတ်ချိန်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် အလုံပိတ်အခန်းများအတွင်း မီးစက်များ အသုံးပြုခြင်းကြောင့် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း။
🌀 အာဟာရချို့တဲ့ခြင်းနှင့် အစားအသောက် မဖူလုံသော ပြဿနာများ။
🌀 သွေးလွန်တုပ်ကွေးနှင့် ဂျပန်ဦးနှောက်အမြှေးပါးရောင်ရောဂါကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားခြင်း။
🌀 အခြားသော ကူးစက်ရောဂါများဖြစ်သည့် အသည်းရောင်အသားဝါ အေ နှင့် အီး၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါနှင့် ကပ်ပါးပိုးကြောင့်ဖြစ်သော ရောဂါများ ကူးစက်ခြင်း။
🌀 အရေပြားပြဿနာများနှင့် အနာများ ရောဂါကူးစက်ခြင်း၊ အနီစက် အနီကွက်များ ဖြစ်ခြင်း။
🌀 မှိုများကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်းနှင့် ရင်ကျပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်း။
🌀 အဆိပ်အတောက်ပစ္စည်းများ ပျံ့နှံ့ခြင်း၊ ဥပမာ- ဓာတုဗေဒအဆိပ်အတောက်များ၊ ပိုးသတ်ဆေးများ၊ ခဲနှင့် အာဆင်းနစ်ကဲ့သို့သော ဓာတ်သတ္တု အဆိပ်အတောက်များ။
🌀 ကျောက်ဂွမ်းဖိုင်ဘာအမျှင် (Asbestos fibres) များ လေထုထဲသို့ ပျံ့နှံ့ခြင်း။
🌀 ချစ်ခင်ရသူများ ဆုံးရှုံးရခြင်း၊ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရခြင်း၊ စားဝတ်နေရေးအခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားရခြင်း။
🌀 ပုံမှန်သောက်သုံးနေကျ ဆေးဝါးများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်း၊ ဥပမာ- ကျောက်ကပ်ဆေးခြင်း၊ အောက်ဆီဂျင်ရရှိမှုများနှင့် အိမ်တွင်းကုသမှုများ။
🌀 ကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြားသော ရောဂါကာကွယ်ရေးဆိုင်ရာ
လုပ်ငန်းစဉ်များအပါအဝင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြိုလဲခြင်း။
🌀 သားဖွားဝန်ဆောင်မှုများ လက်လှမ်းမမီသောကြောင့် ကလေးမွေးခြင်းဆိုင်ရာ ရလဒ်များ မကောင်းခြင်း။
🔴 ထိခိုက်ခံစားရသော လူအုပ်စုများ
ရာသီဥတုဆိုးရွားပြင်းထန်နေစဉ်အတွင်း လူအားလုံးကို ထိခိုက်နိုင်သော်လည်း အချို့သော သူများမှာမူ အခြားသူများထက် ပိုမိုထိခိုက်ခံစားရလေ့ရှိသည်။
🌀 ကလေးငယ်များသည် အန္တရာယ်ရှိသော အခြေအနေများမှ လွတ်မြောက်အောင် ယင်းတို့ကိုယ်တိုင် မစွမ်းနိုင်သူများဖြစ်ကြသည်။ ပုံမှန်ကစားခုန်စားမှုများသည်ပင် မသန့်ရှင်းသော ရေ၊ ကျောက်ဂွမ်းဖိုင်ဘာအမျှင်တို့နှင့် ထိတွေ့နိုင်ခြင်း၊ ထိခိုက်ဒဏ်ရာ ရနိုင်ခြင်း၊ အင်းဆက်နှင့် တိရစ္ဆာန် ကိုက်ခံရခြင်းတို့ကို ကြုံတွေ့နိုင်ခြေ ပိုများစေသည်။
🌀 လှုပ်ရှားသွားလာရန် အခက်အခဲရှိသော ကိုယ်ဝန်ဆောင်များ။
🌀 မလှုပ်ရှားနိုင်သော၊ အမြင်အာရုံမကောင်းသော၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသော၊ လူမှုရေးရာ ချိတ်ဆက်မှုအားနည်းပြီး အကူအညီလိုအပ်သော သက်ကြီးရွယ်အိုများ။ အရေးပေါ်အခြေအနေများတွင် ၎င်းတို့ကို ၎င်းတို့ ပြုစုစောင့်ရှောက်နိုင်မှုရန် ခက်ခဲမည်ဖြစ်သည်။
🌀 မသန်စွမ်းသူများ၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါများကဲ့သို့ ရောဂါအခံရှိသူများ။
🌀 တစ်ဦးတည်း သီးသန့်နေထိုင်လေ့ရှိသူများ၊ ပြင်းထန်သော ရာသီဥတုဒဏ်ကို ပိုမိုခံစားရသော အိမ်ခြေရာမဲ့များ။
🌀 နိမ့်ပါးသော လူမှုစီးပွားရေးအခြေအနေ ရှိကြသူများ။ ထိုသူတို့သည် ဟောင်းနွမ်းသော အိမ်ရာများတွင် နေထိုင်လေ့ရှိကြပြီး ဆိုးရွားသော ရာသီဥတုအတွင်း ၎င်းတို့၏ အခြေအနေများနှင့် အပြုအမူများကို ပြောင်းလဲရန် မစွမ်းနိုင်သူများ ဖြစ်ကြသည်။
🌀 အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ၊ စေတနာ့ဝန်ထမ်းများကဲ့သို့ ပြင်ပတွင် အလုပ်လုပ်ရသူများ။
🌀 အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီသော ဝေးလံခေါင်ဖျားဒေသတွင် နေထိုင်သူများ။
🔴 မုန်တိုင်းတိုက်ခတ်နေချိန်နှင့် ရေကြီးရေလျှံနေချိန်အတွင်း မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်း
⚡ ကြိုတင်ပြင်ဆင်ခြင်း
🌀 ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်သတိပေးချက်မျာကို လေ့လာထားခြင်း။
🌀 မရှိမဖြစ် ဆေးဝါးများ၊ အစားအစာများ၊ သန့်ရှင်းသော သောက်သုံးရေ၊ ဓာတ်ခဲသုံး ရေဒီယိုနှင့် ဓာတ်ခဲအပိုများ၊ ဓာတ်မီး၊ မီးအိမ်ကဲ့သို့ မီးအလင်းရောင်အတွက် စွမ်းအင်အရင်းအမြစ်များ။
🌀 ကြိုတင်ပြင်ဆင်ခြင်းနှင့် မုန်တိုင်အလွန် ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း နေလောင်ခြင်းနှင့် ရေဓာတ်ခန်းခြောက်နိုင်ခြေရှိခြင်း တို့ကို သတိပြုခြင်း။
⚡ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း
🌀 မွေးကင်းကလေးငယ်များနှင့် ဆေးကုသရန် လျှပ်စစ်မီး မဖြစ်မနေလိုအပ်သည့် ဝေဒနာရှင်များ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းစေခြင်း။
🌀 ခြောက်သွေ့သောအဝတ်အထည်များ၊ မိုဘိုင်းဖုန်းနှင့် အားသွင်းကြိုးများ၊ ဆေးဝါးများနှင့် အရေးကြီးသောပစ္စည်းများကို ယူဆောင်သွားနိုင်ရန် စုဆောင်းပြင်ဆင်ထားခြင်း။
🌀 ဒေသဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဒေသတွင်း ရရှိနိုင်သော အရင်းအမြစ်များကို စာရင်းပြုစုထားခြင်း။
⚡ မုန်တိုင်းကာလအတွင်း လိုက်နာရန်များ
🌀 မထင်မှတ်ဘဲ ရုတ်တရက်ရေကြီးခြင်းကဲ့သို့ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတ်မှတ်လမ်းကြောင်းများကို ထိခိုက်စေနိုင်သဖြင့် ဒေသဆိုင်ရာ အခြေအနေများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်အောင် စီစဉ်ထားခြင်း။
🌀 ရေကြီးရေလျှံနေသော နေရာများသို့ မသွားပါနှင့်။ ရေနစ်နိုင်သည့်အပြင် အနာများမှတစ်ဆင့် အရေပြားသို့ ကူးစက်ရောဂါများ၊ ရွှံ့နွံနှင့် ရေထဲပေါက်ဖွားသော ရောဂါပိုးများကြောင့် ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
🌀 ထိခိုက်ဒဏ်ရာရပါက ပိုးမဝင်စေရန် အချိန်မီ သန့်စင်၍ ဆေးထည့်ခြင်း။
🌀 ဂက်စ်မီးဖိုများနှင့် လျှပ်စစ်ဓာတ်အားကို ပိတ်ထားပါ။ ရေကြီးရေလျှံမှုများသည် လျှပ်စစ်နှင့် မီးဘေးအန္တရာယ်များကို ဖြစ်ပွားစေတတ်ပါသည်။
🌀 ထိခိုက်ဒဏ်ရာရနိုင်ခြေကို သတိထားပါ။ ပြတ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးများနှင့် လဲပြိုနေသော သစ်ပင်များ၏ ဝေးရာတွင် နေပါ။
🌀 မီးစက်၊ ရေစုပ်စက်များကို အသုံးပြုမည်ဆိုပါက လေဝင်လေထွက်ကောင်းသော နေအိမ်ပြင်ပတွင်သာ ထားရှိအသုံးပြုခြင်း။
🌀 မြွေ၊ ပင့်ကူ၊ တွားသွားသတ္တဝါ၊ ကြွက်တို့ကဲ့သို့ နေရာရွှေ့ပြောင်းလာသည့် တောရိုင်းတိရစ္ဆာန်များ အကိုက်ခံရနိုင်ခြေကို သတိပြုခြင်း။
🌀 ရေကိုကျိုချက်၍ သောက်ခြင်း သို့မဟုတ် ရေသန့်စင်ဆေးပြားဖြင့်သန့်စင်၍ သောက်ခြင်း။
⚡ မုန်တိုင်း တိုက်ခတ်ပြီးနောက်
🌀 ဘေးကင်းစိတ်ချရသော အစားအစာများကိုသာ စားသုံးခြင်း။
🌀 အိမ်မွေးတိရစ္ဆာန်များကို သန့်ရှင်းမှုမပြီးမချင်း ကလေးများနှင့် ဝေးရာတွင် နေစေခြင်း။
🌀 ရေလုံသော လည်ရှည်ဖိနပ်များ၊ လက်အိတ်များ စသည်တို့ကို အသုံးပြုခြင်း၊
🌀 ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ။ ခြင်ထောင်များ၊ ခြင်းဆေးများကို အသုံးပြုခြင်း မြေပေါ်တင်ကျန်ခဲ့သော ရေများကို ချက်ချင်းဖယ်ရှားရှင်းလင်းခြင်း။
🌀 မှိုပေါက်ဖွားမှုများကို ကာကွယ်နိုင်ရန် နေအိမ်များကို ၄၈ နာရီအတွင်း ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အောင် ပြုလုပ်ခြင်း။
🌀 ညစ်ညမ်းသော ရေဆိုးများ၊ မသန့်ရှင်းသော ရေများနှင့် ထိတွေ့ထားသော နေရာများ၊ ပစ္စည်းများကို အသုံးမပြုမီ ဆေးကြောခြင်းနှင့် ပိုးသတ်သန့်စင်ခြင်း။
🌀 အာဆင်းနစ်၊ ခဲနှင့် ကျောက်ဂွမ်း ကဲ့သို့သော အဆိပ်ဖြစ်စေနိုင်သော အရာဝတ္ထုအကြွင်းအကျန်များကို သတိထားပါ။
🌀 အစာမစားမီ၊ အိမ်သာအသုံးပြုပြီးတိုင်း၊ ပစ္စည်းများကို ဆေးကြောသန့်စင်ပြီးတိုင်းနှင့် ရေကြီးရေလျှံသည့် ရေများ၊ အညစ်အကြေးများ ပေရေနေသည့် ပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ သန့်ရှင်းသော ရေတို့ဖြင့် ဆေးကြောခြင်း၊
🌀 မရှိမဖြစ် လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးခြင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
To Download PDF (142 KB) : Click Here
Reference:
https://dea.org.au/fact-sheet-severe-storms-floods-and-your-health/
nugmoh #cyclone #hurricane #typhoon #storm #health
Ministry Of Health,
National Unity Government.

Published on: 13 May 2023
Last updated: 13 May 2023