Depression”စိတ်ကျဝေဒနာ အကြောင်း သင် သိထားသင့်သည့်အချက်များ”(January 2023)

စိတ်ကျဝေဒနာ (Depression) အကြောင်း သင် သိထားသင့်သည့်အချက်များ (January 2023)

သင့်ကိုယ်သင် စိတ်ကျဝေဒနာ ခံစားနေရသည်ဟု ယူဆပါက ဤစာကို ဆက်ဖတ်ပါ…

❓ စိတ်ကျဝေဒနာ (Depression) ဆိုသည်မှာ အဘယ်နည်း

⚫ စိတ်ကျဝေဒနာသည် လူတိုင်းတွင် ဖြစ်နိုင်ပါသည်။ အားနည်းခြင်း၏ လက္ခဏာတစ်ရပ် မဟုတ်ပါ။

⚫ အမြဲတစေ ဝမ်းနည်းနေခြင်း၊ ပုံမှန်ချိန်တွင် သဘောတကျ ပြုလုပ်လေ့ရှိသော လုပ်ဆောင်မှုများတွင် စိတ်ဝင်စားမှု မရှိတော့ခြင်းတို့ကို ခံစားရနိုင်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ကြုံတွေ့ရနိုင်ပါသည်။

⚫ စိတ်ကျရောဂါရှိသူများသည် ပုံမှန်အားဖြင့် အောက်ပါရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။

အားအင် ကုန်ခန်းခြင်း၊ အစား စားချင်စိတ် ပြောင်းလဲခြင်း၊ ပို၍အိပ်ခြင်း သို့မဟုတ် အအိပ်နည်းခြင်း၊ စိုးရိမ်ပူပန်တတ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့နည်းခြင်း၊ မဆုံးဖြတ်နိုင်ခြင်း၊ ဂနာမငြိမ်ခြင်း၊ တန်ဖိုး မရှိတော့သကဲ့သို့ ခံစားရခြင်း၊ အပြစ်ရှိစိတ် ခံစားရခြင်း သို့မဟုတ် မျှော်လင့်ချက်မဲ့ခြင်း၊ မိမိကိုယ်မိမိ ထိခိုက်အောင် ပြုလုပ်လိုစိတ် သို့မဟုတ် အဆုံးစီရင်လိုစိတ်များ တွေးမိခြင်း။

⚫ သို့သော် စိတ်ပူရန် မလိုပါ။ စိတ်ကျဝေဒနာကို စကားပြောကုထုံး သို့မဟုတ် ဆေးပေးခြင်း သို့မဟုတ် နှစ်မျိုးလုံးဖြင့် ကုသနိုင်ပါသည်။
++++++++++++++++++++++++++++

❓ သင် ဘာလုပ်နိုင်ပါသလဲ

💙 သင်ခံစားနေရသည်များကို သင်ယုံကြည်ရသူ တစ်ယောက်ထံ ရင်ဖွင့်ပါ။ လူအများစုသည် ၎င်းတို့ကို ဂရုတစိုက်ရှိသော သူများနှင့် စကားပြောခြင်းဖြင့် အထောက်အကူရကြောင်း တွေ့ရှိရပါသည်။

💙 ကျွမ်းကျင်သူများထံမှ အကူအညီ ရယူပါ။ သင့်အနီးအနားတွင်ရှိသော ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ဆရာဝန်တစ်ဦးနှင့် ဆက်သွယ်ခြင်းသည်လည်း ကောင်းမွန်သော လမ်းစတစ်ခု ဖြစ်နိုင်ပါသည်။

💙 ပုံမှန်အားဖြင့် သဘောကျနှစ်သက်လေ့ရှိသော လုပ်ဆောင်မှုများကို ဆက်လက် ကြိုးစားပြုလုပ်ပါ။

💙 မိတ်ဆွေသူငယ်ချင်း၊ မိသားစုများနှင့် အဆက်အသွယ်မပြတ် ရှိနေပါစေ။

💙 ခဏတဖြုတ် လမ်းလျှောက်ခြင်းဖြစ်စေ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပါ။

💙 ပုံမှန် စား၊ အချိန်မှန် အိပ်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားပါ။

💙 အရက်ကို ရှောင်ကြဉ်ပါ သို့မဟုတ် အရက်သောက်သုံးမှုကို ထိန်းချုပ်ကန့်သတ်ပါ။ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းတို့သည် စိတ်ကျဝေဒနာကို ပိုမို ဆိုးရွားစေနိုင်ပါသည်။

💙 မိမိကိုယ်မိမိ အဆုံးစီရင်လိုစိတ်ကို ခံစားမိပါက သင်ယုံကြည်ရသူ တစ်ဦးဦးကို ဆက်သွယ်ပြီး အကူအညီတောင်းပါ သို့မဟုတ် အရေးပေါ်ဌာနများကို ဆက်သွယ် အကြောင်းကြားပါ။
++++++++++++++++++++++++++++

❗ အထူးသတိပြုရန်

မှန်ကန်သော ပံပိုးမှုဖြင့် ပိုမို သက်သာကောင်းမွန်လာနိုင်ပါသည်။ ထို့ကြောင့် သင့်ကိုယ်သင် စိတ်ကျဝေဒနာ (Depression) ရှိနေပြီဟု ခံစားမိပါက အကူအညီ ရှာဖွေတောင်းခံပါ။

Source: World Health Organization (WHO)

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
++++++++++++++++++++++++++++

စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို တိုင်ပင်ဆွေးနွေးနိုင်ရန်-

တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း
https://facebook.com/telehealthmm

Nway Oo Clinic – နွေဦးဆေးခန်း
https://facebook.com/nwayooclinic

တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw

Mind Healers -စိတ်ခွန်အားပေးသူများ
https://facebook.com/MindHealersMM

#nugmoh#depression#စိတ်ကျဝေဒနာ#စိတ်ကျရောဂါ#စိတ်ကျခြင်း#စိတ်ကျ

Ministry of Health,

National Unity Government.

Published on: 19 January 2023
Last Updated: 19 January 2023