“ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် NUG ကျန်းမာရေးဝန်ကြီးဌာန၏ NUGPay အကောင့်နှင့် နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့်များမှတစ်ဆင့် ပြည်သူများ ထည့်ဝင်လှူဒါန်းနိုင်” (Donating for Healthcare through NUGPay and Spring Development Bank) (November 2023)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

နွေဦးတော်လှန်ရေးအတွင်း

➕ ထိခိုက်ဒဏ်ရာ ရရှိသော တော်လှန်ရေးရဲဘော်များနှင့် နာမကျန်းသော စစ်ဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရန်နှင့်
➕ ရှေ့တန်း ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေ ပေးအပ်နိုင်ရန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသော ပူးတွဲဖော်ပြပါ

✅ NUGPay အကောင့် သို့မဟုတ်
✅ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) အကောင့်မှတစ်ဆင့်

ပမာဏ နည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း ပြည်တွင်းပြည်ပမှ ပြည်သူများကို အသိပေးနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #nugpay #sdb #SpringDevelopmentBank #Pay #Bank #donation #emergencyhealthcare

Ministry of Health,
National Unity Government.

Published on: November 13, 2023
Last updated: November 13, 2023