“Double Uterus” (November 2023)

သားအိမ်နှစ်ခု ဖြစ်နေခြင်း

Double Uterus (Uterus Didelphys)

Double uterus ဆိုတာ လူတစ်ယောက်မှာ သားအိမ် နှစ်ခုရှိနေတဲ့ မွေးရာပါချို့ယွင်းမှု ဖြစ်ပါတယ်။

သားအိမ်နှစ်ခုမှာရှိတဲ့ သားအိမ်အခန်း (uterine cavity) နှစ်ခုဟာ သာမန်သားအိမ်အခန်းတွေထက် ပိုကျဉ်းမြောင်းပြီး သားအိမ်တစ်ခုစီမှာ သားပို့ပြွန် (fallopian tube) နဲ့ သားဥအိမ် (ovary) ကိုယ်စီ ရှိကြပါတယ်။

..

..

🔸သားအိမ်နှစ်ခု ဘာကြောင့် ဖြစ်လဲ

သန္ဓေသားဘဝမှာ Mullerian ducts လို့ခေါ်တဲ့ ပြွန်နှစ်ခု ပေါင်းစပ်ပြီး သားအိမ်ဖြစ်လာတာပါ။ ဒီပြွန်နှစ်ခု ကောင်းမွန်စွာ ပေါင်းစပ်နိုင်ခြင်း မရှိတဲ့အခါ ပြွန်တစ်ခုစီက သားအိမ်တစ်ခုဖြစ်လာပြီး၊ ရလဒ်အနေနဲ့ သားအိမ်နှစ်ခု ဖြစ်သွားရတာပါ။

တချို့သူတွေမှာတော့ မွေးလမ်းကြောင်းနှစ်ခုနဲ့ သားအိမ်ခေါင်းနှစ်ခု ရှိလာတတ်ပါတယ်။

Mullerian duct နှစ်ခု မပေါင်းစပ်နိုင်တဲ့ အကြောင်းရင်းကိုတော့ သေချာမသိရသေးပါ။

..

..

🔸သားအိမ်နှစ်ခု ဖြစ်နေခြင်း (Double uterus) မှာ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရတတ်လဲ

အများစုဟာ ဘာရောဂါလက္ခဏာမှ မခံစားရလို့ သားအိမ်နှစ်ခုရှိတာကို မသိတာများပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေ လုပ်တဲ့အခါမှသာ သတိထားမိကြပါတယ်။

တစ်ခါတစ်ရံမှာတော့ သားအိမ်နှစ်ခု (Double uterus) ဖြစ်နေရင် အောက်ပါ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်…

– လိင်ဆက်ဆံတဲ့အခါ နာကျင်တာ

– ရာသီမလာခင်နဲ့ လာတဲ့အခါ နာကျင်ပြီး ဗိုက်အောင့်တာ

– ရာသီသွေးဆင်းများတာ

– tampon သုံးတဲ့အခါ သွေးဆင်းတာ (tampon က သားအ်ိမ်တစ်ခုထဲမှာသာ ရှိနေလို့)

– မကြာခဏ သားပျက်သားလျှောဖြစ်တာ

– ရက်မစေ့ဘဲ မွေးဖွားတာတွေ ဖြစ်တတ်ပါတယ်။

..

..

🔸သားအိမ်နှစ်ခု ဖြစ်နေခြင်းကို ဘယ်လိုသိနိုင်မလဲ

ဆရာဝန်က တင်ပါးဆုံစမ်းသပ်မှု ပြုလုပ်တဲ့အခါ မွေးလမ်းကြောင်း နှစ်ခု (သို့မဟုတ်) သားအိမ်ခေါင်းနှစ်ခုကို စမ်းသပ်မိတတ်ပြီး နောက်ဆက်တွဲ ultrasound လိုမျိုး စမ်းသပ်မှုတွေ လုပ်ကြည့်ပြီး သိနိုင်ပါတယ်။

..

..

🔸သားအိမ်နှစ်ခု ဖြစ်နေခြင်းကို ဘယ်လို ကုသမလဲ

သားအိမ်နှစ်ခု ဖြစ်နေတာကို ခွဲစိတ်ကုသလို့ ရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေ ခံစားရမှ ခွဲစိတ်ဖို့ကို အကြံပြုလေ့ရှိပါတယ်။

သားအိမ်နှစ်ခုကို ပေါင်းစပ်ဖို့ ခွဲစိတ်ကုသတဲ့အခါ သားအိမ်ရဲ့ ကျန်တဲ့အပိုင်းတွေက အားနည်းသွားတတ်တာကြောင့် ကုသဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန်တွေနဲ့ အသေးစိတ်ဆွေးနွေးပြီးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

(ကိုးကား) Reference : 📖

https://my.clevelandclinic.org/health/diseases/23301-uterus-didelphys

——————————————–

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ၊ ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: November 9, 2023
Last updated: November 9, 2023