doxy ဆေးခန်းတွင် ဘိုကင်စနစ်ဖျက်သိမ်းခြင်း

“တယ်လီကျန်းမာဆေးခန်းတွင် Booking စနစ် ဖျက်သိမ်းလိုက်ပြီ၊ လူနာများ ဆရာဝန်နှင့် တိုက်ရိုက်ကုသသော စနစ်တွင် ပိုမိုပြသနိုင်ပြီ”

“တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုတွင် COVID-19 လူနာများ ပိုမိုပြသနိုင်ရန် နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအထိ အချိန်တိုးမြှင့်”

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၅) ရက်

■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာဆေးခန်း (https://facebook.com/telehealthmm) ကို (၁၉-၆-၂၀၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
■ တယ်လီကျန်းမာဆေးခန်းတွင် ဝင်ရောက်ပြသနိုင်ရန် (က) လူနာများ တိုက်ရိုက်ပြသနိုင်သော တယ်လီကျန်းမာဆေးခန်း (https://doxy.me/telehealthmm) နှင့် (ခ) Booking ယူပြသနိုင်သော တယ်လီကျန်းမာဆေးခန်းဟူ၍ ဆေးခန်း (၂) ခန်းရှိခဲ့သည်။
■ ယခုအခါ Booking စနစ်ထက် တိုက်ရိုက်ပြသသော စနစ်သည် လူနာများအတွက် ပိုမိုအဆင်ပြေကြောင်း တွေ့ရှိရသည့်အတွက် Booking ယူပြသသော စနစ်ကို ဖျက်သိမ်းလိုက်ပါပြီ။
■ လူနာများအနေဖြင့် တယ်လီကျန်းမာဆေးခန်း (https://doxy.me/telehealthmm) တွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ တိုက်ရိုက်ပြသနိုင်ကြပြီဖြစ်သည်။ တိုက်ရိုက်စနစ်အတွက် ဆရာဝန်အင်အားလည်း တိုးမြှင့်ထားပြီးပါပြီ။
■ မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်းဖြစ်ပွားလာသည့်အတွက် NUG ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 လူနာများ သီးသန့်ကုသမှုခံယူနိုင်ရန် (၁၆-၇-၂၀၂၁) ရက်နေ့မှစတင်၍ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခု ဖွင့်လှစ်ခဲ့သည်။ (၁၆-၇-၂၀၂၁) မှ (၄-၈-၂၀၂၁) ရက်နေ့အထိ COVID-19 လူနာ/လူနာရှင် စုစုပေါင်း (၃) သောင်းကျော် လာရောက်ပြသခဲ့ကြသည်။
■ အဆိုပါ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

COVID-19 Telegram Channel 1
https://t.me/COVID19MM1

COVID-19 Telegram Channel 2
https://t.me/COVID19MM2

COVID-19 Telegram Channel 3
https://t.me/COVID19MM3

COVID-19 Telegram Channel 4
https://t.me/COVID19MM4

■ အဆိုပါ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုကို မူလက နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိသာ COVID-19 လူနာများ ဝင်ရောက်ပြသနိုင်သော်လည်း ယခုအခါ လူနာများ ပိုမိုအဆင်ပြေစွာ ပြသနိုင်ရန် (၆-၈-၂၀၂၁) ရက်မှစတင်၍ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၈) နာရီအထိ အချိန်တိုးမြှင့်လိုက်ပါပြီ။
■ အထက်ပါ COVID-19 Telegram Channel (၄) ခုအပြင် CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအင်အားစုများအတွက် သီးသန့်  COVID-19 Telegram Channel ကိုလည်း (၂၄-၇-၂၀၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ နေ့စဉ် နံနက် (၈) နာရီကနေ ညနေ (၈) နာရီအထိ ဆွေးနွေးကုသမှုများ ပြုလုပ်ပေးနေသည်။ (အဆိုပါ Telegram Channel Link ကို CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအင်အားစုများသို့သာ ဖြန့်ဝေထားသည်)
■ အထူးကုဆရာဝန်ကြီးများနှင့်လည်း ချိတ်ဆက်ထားသည့်အတွက် လိုအပ်လျှင် တာဝန်ကျဆရာဝန်က လူနာကို တယ်လီကျန်းမာ အထူးကုဆေးခန်းများသို့ ပြန်လည်ညွှန်းပို့ပေးမည်ဖြစ်သည်။
■ တယ်လီကျန်းမာအစီအစဉ်အားလုံးအတွက် ပိတ်ရက် လုံးဝ (လုံးဝ) မရှိပါ။ ကုသမှု၊ တိုင်ပင်ဆွေးနွေးမှုများအားလုံးအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှလည်း ပေးစရာ၊ ကုန်ကျစရာ မလိုအပ်ပါ။ အခမဲ့ (အခမဲ့) ဖြစ်သည်။

■ အချုပ်ဆိုရလျှင် COVID-19 မဟုတ်သော လူနာများသည် တယ်လီကျန်းမာဆေးခန်း (https://doxy.me/telehealthmm) တွင် တန်းစီစနစ်ဖြင့် ပြသပါ။ COVID-19 လူနာများသည် တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုတွင် ပြသပါ။ အရေးပေါ်လူနာများ ကုသမှုခံယူရန် မသင့်တော်ပါ။

“MOH တယ်လီကျန်းမာ …. လူတိုင်းအတွက်ပါ”

Ministry of Health,

National Unity Government.

Published on: 5 August 2021
Last Updated: 5 August 2021