“နွေဦးကျန်းမာရေးသူရဲကောင်း (Spring Healthcare Heroes – SHH) အစီအစဉ်မှာ Member ဝင်ပါ”
ဒီတော်လှန်ရေးကို အစပြုစေခဲ့တဲ့ထဲမှာ CDM လှုပ်ရှားမှုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ထဲမှာ ဆရာဝန်၊ သူနာပြုတွေလည်း အပါအဝင်ပေါ့။
သူတို့ဟာ ဆေးမကုချင်တာ မဟုတ်ဘဲ စစ်အာဏာရှင်လက်အောက်မှာသာ အလုပ်မလုပ်ချင်တာ ဖြစ်ပါတယ်။ ဒါကို အထင်အရှား သက်သေပြနေတာကတော့ ဒီတော်လှန်ရေးကာလမှာ အခက်အခဲ အန္တရာယ်ပေါင်းစုံကြားကနေ စစ်ရှောင်ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေကို ဆေးကုသပေးနေကြခြင်းပါပဲ။ ဝန်ထမ်းတွေတင်မဟုတ်ဘဲ အပြင်ဆရာဝန်၊ သူနာပြုတွေလည်း ပါကြတာပေါ့။
SHH ဆိုတာကတော့ အဲဒီဆရာ၊ ဆရာမတွေကို တခြားသော ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပြည်သူတွေကနေ ပြန်လည်ကူညီမဲ့ အစီအစဥ် ဖြစ်ပါတယ်။
Member ကြေးက ကျန်းမာရေးသူရဲကောင်း တစ်ယောက်စာအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပါတယ်။ မိမိ ထည့်ဝင်နိုင်သလောက် လူအရေအတွက်နဲ့ ၃ လ၊ ၆ လ၊ ၁ နှစ် စသဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်လို့ ရပါတယ်။ (မြန်မာငွေနဲ့ဆို လအလ်ုက် သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအတိုင်း ဖြစ်ပါလိမ့်မယ်။)
ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူမယ်ဆို တစ်လကို ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ၊ အကြောင်းကြောင်းကြောင့် သူတို့လို ရှေ့တန်းထိ ထွက်ဖို့ အဆင်မပြေသူတွေ၊ ကျနော်တို့လို ဆေးကုသတဲ့အလုပ်နဲ့ အသက်မမွေးတော့တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ ဆေးလောက မိသားစုဝင် ညီအစ်ကိုမောင်နှမတွေကို ကူညီလိုက်ကြရအောင်ပါ။
လူ့အသက်ကယ်ခြင်းလို မွန်မြတ်တဲ့ကိစ္စမှာ ပါဝင်နေတဲ့သူတွေကို ကူညီခြင်းဖြင့် ကုသိုလ်ပြုလိုတဲ့ ပြည်သူတွေကိုလည်း ဒီအစီအစဥ်လေးမှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်ပါရစေခင်ဗျာ။
ပါဝင်မယ်ဆိုရင်တော့ ပြည်တွင်းဆိုရင် ဒီကို စိတ်ချယုံကြည်စွာ ဆက်သွယ်လို့ ရပါတယ်။
CDM Medical Network
နိုင်ငံအလိုက် ကိုယ်စားလှယ်တွေကတော့
❗ Telegram accounts
- Myanmar – @Kiki_cdmmn
- Myanmar – @nangwei010
- Singapore – @Dahlia_Mya
- Brunei – @Aeolus_7
- Australia – @SHH_Australia_St
- Australia – @Lavender_Spring
- New Zealand – @SHH_NZ
- UK – @UK2MYANMARSHH
- UK – @metta4
- UK – @YANKIN_THAR
- UK – @n5n3o
- UK – @FriendsofMyanmar
- UK – @springcyrstal
- USA – @PhoenixEndo
- USA – @Auntyaa
- Canada – @KSTOCA
- Jamaica – @TelehealthMM_greentea
- Jamaica – @JDonut999
- Global (Mainly Japan) – @KM_OTO
————————————
Ministry of Health,
National Unity Government.

Published on: 2 September 2022
Last Updated: 2 September 2022