Dr. Zaw Wai Soe Attends Town Hall Meeting in Sydney, Australia (September 2023)

“ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး”

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် စက်တင်ဘာလ (၃) ရက်နေ့၊ ညနေပိုင်းတွင် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Granville Community Centre ၌ CRPH / NUG Support Group – NSW (New South Wales) က ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ (Town hall meeting) သို့ တက်ရောက်၍ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။

Ministry of Health,
National Unity Government.

Published on: September 4, 2023
Last updated: September 4, 2023