၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် စက်တင်ဘာလ (၁၆) ရက်နေ့၊ ညနေပိုင်းတွင် ဩစတေးလျနိုင်ငံ၊ South Australia ပြည်နယ်၊ Adelaide မြို့၌ CRPH / NUG Support Group (South Australia) နှင့် United Myanmar Community South Australia (UMCSA) တို့က ကျင်းပပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်သူ့ဘက်တော်သား အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် အကယ်ဒမီ မင်းမော်ကွန်းကလည်း တေးသီချင်းများဖြင့် သီဆိုတီးခတ်ဖျော်ဖြေခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက ဂစ်တာနှင့် ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားများကို လေလံဆွဲ၍ ဝယ်ယူခြင်း အပါအဝင် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
Ministry of Health,
National Unity Government.
























Published on: September 20, 2023
Last updated: September 20, 2023