“ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ မြန်မာမိသားစုများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ” (Dr. Zaw Wai Soe Attends Community Meeting in Melbourne, Australia) (October 2023)

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် စက်တင်ဘာလ (၃၀) ရက်နေ့တွင် CRPH/NUG Support Group (Victoria) က စီစဉ်သည့် သြစတေးလျနိုင်ငံ၊ Victoria ပြည်နယ်၊ မဲလ်ဘုန်းမြို့ရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲ (Community Meeting – Melbourne) သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ရင်းနှီးနွေးထွေးစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။

Ministry of Health,
National Unity Government.

Published on: October 3, 2023.
Last updated: October 3, 2023.