Western Australia ပြည်နယ်မှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) က မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ညစာစားပွဲအခမ်းအနားသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဩဂုတ်လ (၂၆) ရက်နေ့၊ ညနေပိုင်းတွင် ဩစတေးလျနိုင်ငံ၊ Perth မြို့၌ ကျင်းပပြုလုပ်သော Western Australia ပြည်နယ်မှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) က မြန်မာ့နွေဦးတော်လှန်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဩစတေးလျနိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diaspora) ၏ နွေဦးတော်လှန်ရေး၌ လူအား၊ ပညာအား၊ ငွေအားတို့ဖြင့် ပါဝင်အားဖြည့်လှူဒါန်းမှုများကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်း အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာ့နွေဦးတော်လှန်ရေး၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Western Australia မှ Medical diaspora များနှင့် အတူတကွ ရင်းနှီးစွာ ညစာ စားသုံးခဲ့ပါသည်။
Ministry of Health,
National Unity Government.




Published on: 1 September 2023
Last updated: 1 September 2023