“NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေးအတွက် ဩစတေးလျနိုင်ငံမှ Burmese Community Development Collaboration (BCDC) အဖွဲ့နှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံဆွေးနွေး”
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တို့သည် ဩဂုတ်လ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ Burmese Community Development Collaboration (BCDC) အဖွဲ့၏ CEO နှင့် တည်ထောင်သူများအား တွေ့ဆုံပြီး NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက နွေဦးတော်လှန်ရေး၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် IT နည်းပညာအသုံးပြုမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ iPad များ၊ Power Bank များအပါအဝင် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေးအတွက် BCDC အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
Ministry of Health,
National Unity Government.





















Published on: September 3, 2023
Last updated: September 3, 2023