အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာမိသားစုများ၊ ပြည်နယ်ဆီးနိတ်လွှတ်တော်အမတ်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံဆွေးနွေး
၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့သည် (၂၄-၅-၂၀၂၃) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် Sacramento နှင့် Central Valley တို့မှ မြန်မာမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါသည်။ မြန်မာမိသားစုများက မြန်မာပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးရေးတို့အတွက် အမေရိကန်ဒေါ်လာ (၃) သောင်းကျော်ကို လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ (၂၅-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်သို့ သွားရောက်ခဲ့ရာ ပြည်နယ်ဆီးနိတ်လွှတ်တော်အမတ်များက လွှတ်တော်အစည်းအဝေး မစတင်မီ ပြည်ထောင်စုဝန်ကြီးများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးများသည် မွန်းလွဲပိုင်းတွင် Senator Benjamin J Allen နှင့် သီးခြားတွေ့ဆုံ၍ မြန်မာပြည်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Ministry of Health,
National Unity Government.









Published on: 26 May 2023
Last updated: 26 May 2023