“Dr. Zaw Wai Soe Calls for Support for Federal Net Campaign” (Video) (December 2023)

ပြည်သူလူထုအနေဖြင့် 𝗙𝗲𝗱𝗲𝗿𝗮𝗹 𝗡𝗲𝘁 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 တွင် တစ်တပ်တစ်အား ပါဝင်ကူညီပေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ‌ဇော်ဝေစိုး တိုက်တွန်းပြောကြား

===============================

Federal Net ဆိုတာ ဒီအချိန်မှာ သိပ်ကိုအရေးကြီးပါတယ်။ Federal ဆိုတာ ကျွန်တော်တို့ အားလုံးရည်မှန်းပြီးတော့သွားနေတဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိတဲ့ Federal စနစ်ကို သွားနေတာဖြစ်ပါတယ်။ ကိုယ်ပိုင်စီမံပြဌာန်းပိုင်ခွင့်ရှိတဲ့ အင်တာနက်ကို Federal ဒေသတိုင်း ပိုင်ဆိုင်ဖို့လိုပါတယ်။

ဒီနေ့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ အထူးသဖြင့် ကျန်းမာရေးမှာဆိုရင် internet access က သိပ်အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ပြီးတော့ အခုလိုမျိုး အရေးပေါ် စစ်ပွဲတွေဖြစ်နေချိန်၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီး ဆောင်ရွက်နေရတဲ့အချိန်၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေးခက်ခဲနေချိန်မှာ အင်တာနက်က သိပ်အရေးကြီးပါတယ်။ ဒါကို အသုံးချနိုင်ခဲ့လို့ ဒီနေ့တော်လှန်ရေးကို ဒီလောက်အထိ ကျွန်တော်တို့ အောင်မြင်အောင် ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လဲ ကောင်းကောင်းမွန်မွန်အသုံးချဖို့ ဒီ့ထက်ပိုပြီးလုံခြုံတဲ့စိတ်ချတဲ့ internet access ရရှိဖို့လိုအပ်ပါတယ်။ တချို့နေရာဒေသတွေမှာ စစ်အာဏာရှင်ရဲ့ အင်တာနက်နဲ့ မိုဘိုင်းအဆက်အသွယ်တွေ သုံးနေရတာက အန္တရာယ်သိပ်များပါတယ်။ တကယ်လို့ ကိုယ်ပိုင်အင်တာနက်သာရှိခဲ့မယ်ဆိုရင် ပိုမိုလုံခြုံစိတ်ချပြီး ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လုံခြုံစိတ်ချရသော ကောင်းမွန်သော အင်တာနက်ရှိခြင်းသည် တော်လှန်ရေးအောင်မြင်နေခြင်းဖြစ်သလို သိမ်းဆည်းထားတဲ့ မြို့နယ်တွေ၊ ဆေးရုံ၊‌ ဆေးခန်းတွေရဲ့ စီမံခန့်ခွဲမှုကိုအကောင်းဆုံးပြုလုပ်နိုင်မှာဖြစ်ပြီး အနာဂတ်နိုင်ငံကို အကောင်းဆုံးတည်ဆောက်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် 𝗙𝗲𝗱𝗲𝗿𝗮𝗹 𝗡𝗲𝘁 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 မှာ ပြည်သူအားလုံး တစ်တပ်တစ်အား ပါဝင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ဇော်ဝေစိုးမှ တိုက်တွန်းပြောကြားထားပါသည်။

#Federalnetcampaign #MoCIT #federalnet

Ministry of Health,
National Unity Government.

Published on: December 3, 2023.
Last updated: December 3, 2023.