ဩစတေးလျနိုင်ငံ၊ Melbourne မြို့၌ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) နှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံခြင်း
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် အောက်တိုဘာလ (၂) ရက်နေ့တွင် ဩစတေးလျနိုင်ငံ၊ Melbourne မြို့၌ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) နှင့် တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Melbourne မှ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) က မြန်မာ့နွေဦးတော်လှန်ရေး၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် AUD 75,000 ကျော် ပါဝင်လှူဒါန်းခဲ့ကြပါသည်။
Ministry of Health,
National Unity Government.




Published on: October 14, 2023.
Last updated: October 14, 2023.