“ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့သော အဖွင့်အမှာစကား (၆-၁-၂၀၂၄) – စစ်ကိုင်းတိုင်းကျန်းမာရေးညီလာခံ” (Dr. Zaw Wai Soe’s Opening Speech at Sagaing Health Assembly” (Video) (January 6, 2024)

စစ်ကိုင်းတိုင်းကျန်းမာရေးညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့သော အဖွင့်အမှာစကား (၆-၁-၂၀၂၄)

စစ်ကိုင်းတိုင်းကျန်းမာရေးညီလာခံကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့မှ (၇) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ CDM ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများက ကြီးမှူးကျင်းပခဲ့ပါသည်။ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဧည့်သည်တော်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးကော်မတီ၊ တိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများနှင့် CDM ကျန်းမာရေးကွန်ယက်အသီးသီးတို့ တက်ရောက်ခဲ့ကြပါသည်။ စစ်ကိုင်းတိုင်းကျန်းမာရေးညီလာခံကို ပဋိပက္ခသင့်နေရာများ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို စနစ်တကျ ဖော်ထုတ်ရန်၊ မတူကွဲပြားသော ကျန်းမာရေးစောင့်ရှောက်မှုပေးသော အဖွဲ့အစည်းများကြားတွင် စုစည်းပူးပေါင်းဆောင်ရွက်မှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဖက်ဒရယ်ကျန်းမာရေးစနစ်အတွက် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ပါသည်။

ဆက်သွယ်ရန်
စစ်ကိုင်းတိုင်းကျန်းမာရေးညီလာခံကျင်းပရေးကော်မတီ
+66 94 426 1037 (Signal)
+66 88 613 0193 (Signal)
+66 65 654 3327 (Signal)
[email protected]

Ministry of Health,
National Unity Government.

Published on: January 13, 2024
Last updated: January 13, 2024