အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတွေ့ဆုံ (May, 2023)

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတွေ့ဆုံ

၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် (၂၂-၅-၂၀၂၃) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် နွေဦးတော်လှန်ရေးထောက်ပို့ မြန်မာမိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမြောက်ပိုင်း ဆန်ဖရန်စ္စကိုနှင့် ပင်လယ်အော်ဒေသရှိ မြန်မာနွယ်ဖွားမိသားစုဝင်များ တက်ရောက်ခဲ့ပြီး အလှူငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ရရှိခဲ့ကြောင်း သိရှိရပါသည်။

တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခဲ့ကြသည့်အပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် သံအမတ်ကြီးတို့က ရင်းနှီးနွေးထွေးစွာ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်။

Ministry of Health,

National Unity Government.

Published on: 26 May 2023

Last updated: 26 May 2023