“Dr. Zaw Wai Soe Attends Town Hall Community Meeting by CRPH/NUG Support Group WA – Perth, Australia” (September 2023)

ဩစတေးလျနိုင်ငံ၊ Perth မြို့၌ ကျင်းပပြုလုပ်သော မြန်မာလူထုနှင့် တွေ့ဆုံပွဲသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေး၊ CRPH/NUG Support Group WA (Western Australia) ၏ တိုင်းရင်းသား လူထုခေါင်းဆောင်များနှင့် တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် ဩဂုတ်လ (၂၇) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဩစတေးလျနိုင်ငံ၊ Perth မြို့၌ CRPH/NUG Support Group WA (Western Australia) က ကျင်းပပြုလုပ်သော မြန်မာလူထုနှင့် တွေ့ဆုံပွဲ (Town hall community meeting) သို့ တက်ရောက်၍ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဒေါက်တာထွန်းအောင်ရွှေက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့သည် ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းကလည်း CRPH/NUG Support Group WA (Western Australia) ၏ တိုင်းရင်းသား လူထုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လယ်စာ အတူစားသုံးခဲ့ပါသည်။

Ministry of Health,
National Unity Government.

Published on: September 2, 2023
Last updated: September 2, 2023