စာနာနားလည်စိတ် (Empathy)
လေ့လာသုတေသနပြုမူတွေအရ စာနာနားလည်စိတ်ရှိခြင်းဟာ အကူအညီလိုအပ်သူတွေကို ဖေးမတတ်စေခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်တတ်စေခြင်းတို့ကို အားပေးတာကြောင့် အုပ်စုသဘောအားကောင်းလွန်းပြီး အကွဲအပြဲများတဲ့ လူမှုအဝန်းအဝိုင်းတွေမှာ မှန်ကန်တဲ့စာနာနားလည်စိတ်ကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။
အခုကာလလို ထိခိုက်နာကျင်ခံစားစရာများတဲ့အချိန်မှာ တစ်ဦးကစပြီး စာနာနားလည်စိတ်ကို ဖော်ပြနိုင်ခြင်းဖြင့် အများမှာ စာနာနားလည်စိတ်တွေဆင့်ပွား ဖြစ်ထွန်းလာတတ်ပါသတဲ့။
မှန်ကန်တဲ့စာနာနားလည်စိတ်ဆိုတာ
● တစ်ပါးသူရဲ့ တွေးတောရှုမြင်မှုနဲ့ အမြင်သဘောထားတွေကို သိမြင်နားလည်ခြင်း၊
● တစ်ပါးသူရဲ့ ခံစားချက်တွေကို သိမြင်နားလည်ခြင်း၊
● တစ်ပါးသူရဲ့ အရှိကို အရှိအတိုင်း (ငြင်းဆန်ဖယ်ထုတ်ခြင်းမရှိဘဲ) သိမှတ်လက်ခံပေးတတ်ခြင်း၊
● ကိုယ်သိမြင်နားလည်ရတာတွေကို တုံ့လှယ်ဖေါ်ပြနိုင်ခြင်းတို့ပါဝင်ပါတယ်။
မှန်ကန်တဲ့စာနာနားလည်စိတ်မှာ တွေးသိဆင်ခြင်မှုအပိုင်းနဲ့ စိတ်ခံစားမှုအပိုင်းတို့ ဆက်စပ်လှုပ်ရှားပြီး လက်တွေ့ကူညီလုပ်ဆောင်မှုကိုဖြစ်စေတဲ့သဘော ရှိပါတယ်။ သူက သည်းခံခွင့်လွှတ်နိုင်စွမ်း၊ ရက်ရောမှု၊ နဲ့ ပရဟိတစိတ်ဓာတ်တို့လို အများအကျိုးဖြစ်စေတဲ့ စိတ်ဓာတ်တွေကို အားဖြည့်ပေးပြီး နိုင်ထက်စီးနင်း ပြုကျင့်လိုမှု၊ လက်စားချေလိုမှု၊ နဲ့ ဒေါသဖြစ်မှုတို့လို အပျက်စိတ်ခံစားမှုတွေကို လျော့စေနိုင်ပါတယ်။
မူမမှန်တဲ့ စာနာနားလည်စိတ်မှာကြတော့ ကိုယ့်လူမဟုတ်ရင် ခွဲခြားဖယ်ထုတ်လိုက်ပြီး ကိုယ့်လူတွေအ ပေါ်ကိုပဲကူညီဖေးမလိုတတ်စေပါတယ်။ အဲဒီလိုမျိုး မူမမှန်တဲ့ စာနာနားလည်စိတ်မျိုးဟာ ကိုယ့်ကိုယ် ကိုယ် ဗဟိုပြုပြီး တခြားသူအစားတွေးတောရှုမြင်တတ်ခြင်းနဲ့ ဆက်စပ်နေလေ့ရှိပါ တယ်။
ကိုယ့်မှာ စာနာနားလည်နိုင်စွမ်း တိုးတက်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုအပြည့်ထည့်ထားနိုင်ဖို့ လိုတာပါ ပဲ။ တခြားသူတစ်ယောက်နဲ့အတူ ရှိနေချိန်မှာ သူပြောပြနေတဲ့အကြောင်းအရာတွေကို အာရုံစူးစိုက်ထား လေလေ သူပြောပြချင်တဲ့ သူ့အဖြစ်အပျက်တွေ၊ သူခံစားနေရတာတွေ၊ နဲ့ သူတွေးနေတဲ့အရာတွေကို ပို ပြီး သိရှိလာရုံတင်မက သူဘာတွေအကူအညီလိုတယ်ဆိုတာကိုပါ သိမြင်နားလည်စေပါတယ်။
စာနာနားလည်နိုင်စွမ်း တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ။
၁) မတူခြားနားတဲ့အရာတွေကို များများထိတွေ့ပေးရပါမယ်။
မတူခြားနားတဲ့ လူမျိုးစုဓလေ့စရိုက်တွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ အတွေးအခေါ်တွေ၊ ဘဝနေမှုဟန်ပန် တွေကို များများထိတွေ့ဖူးလေလေ တခြားသူတွေရဲ့ တွေးတောရှုမြင်မှုတွေကို ထုံကူး သိမြင်နားလည်နိုင် ဖို့ လွယ်လေလေပါပဲ။
၂) ဘဝသရုပ်ဖေါ်စာပေတွေ ဖတ်ပါ။
ဘဝသရုပ်ဖေါ်စာပေတွေဟာ ကိုယ်နဲ့အလှမ်းဝေးတဲ့ ဘဝနေထိုင်မှုပုံစံတွေ၊ ဇာတ်ကောင်တွေရဲ့ အကျင့်စ ရိုက်တွေ၊ ဘဝဖြတ်သန်းမှုပုံစံတွေ၊ မျှော်လင့်ချက်တွေ၊ လူမှုဆက်ဆံရေးကိစ္စရပ်တွေ၊ သူတို့ရဲ့ ပြဿနာတွေအပေါ်တုံ့ပြန်ပုံတွေကို မြင်တွေ့ခံစားရစေတာမို့ တခြားလူတွေအပေါ် နားလည်နိုင်စွမ်းကို တိုးတက် လာစေနိုင်ပါတယ်။
၃) အကြည်ဓာတ်ထွက်စေတဲ့အရာတွေကို လုပ်ဆောင်ပါ။
အောက်စီတိုစင်ဆိုတဲ့ ဟော်မုန်းဓာတ်ဟာ တခြားသူတွေနဲ့ဆက်ဆံရေးအဆင်ပြေရင် ထွက်လာတတ်တဲ့ လူမှုရေးဟော်မုန်းဖြစ်ပြီး စိတ်တွင် အကြည်ဓာတ်ကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုတွေအရ အဲဒီအောက်စီတိုစင်ဓာတ်ဟာ အကြားအာရုံကိုစေ့ဆော်ပေးပြီး အများရဲ့လိုအင်ကို ပိုပြီး ကြားသိစေနိုင်တာမို့ အများအကျိုးဆောင်လိုစိတ်ကိုလည်း အားပေးတတ်ပါတယ်။
၄) ဘုံတူညီမှုကို ရှာဖွေကြည့်မြင်ပါ။
သူနဲ့ကိုယ်နဲ့ကြားမှာ ဘာမှမဆက်စပ်ဘူး၊ ခြားနားမှုက ကြီးလွန်းတယ်လို့ ခံစားရရင် စာနာဖို့ဝေးလို့ နား လည်ဖို့တောင် မကြိုးစားချင်တော့တာ လူ့သဘာဝပါ။ အဲဒီလိုမဟုတ်ဘဲ သူနဲ့ကိုယ်နဲ့က အသွေးအမွှေးတူ လို့ ခံစားရရင် စာနာဖို့ရော၊ နားလည်ဖို့ရော၊ အပြန်အလှန်ဖေးကူဖို့ရော ပိုပြီး အခွင့်အလမ်းများပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့အရာတွေအပေါ် အာရုံစိုက်တာထက် တူညီဆက်စပ်လို့ရတဲ့အရာတွေအပေါ်အလေးထားပါ။
၅) တစ်ဖက်သားအပေါ် စိတ်ဝင်စားပါ။
တစ်ဖက်သားရဲ့ ခံစားချက်နဲ့ အတွေးတွေကို စိတ်ဝင်စားပါ။ သူ့ရဲ့ တွေးတောရှုမြင်မှုကို သိမြင်နားလည်ပါ မှ အမှန်တကယ် စာနာနားလည်နိုင်မှာဖြစ်တယ်။ လူတွေရဲ့ မျက်နှာအမူအယာကိုကြည့်ပြီး သူ့မှာဖြစ် ပေါ်နေတဲ့ ခံစားချက်တွေကို သိမြင်နိုင်အောင်လည်း ကြိုးစားကြည့်သင့်ပါတယ်။ သူ့ရဲ့ စိတ်အတွေး နဲ့ ခံ စားချက်တွေကို ဖွင့်ထုတ်ခွင့်ပေးတဲ့ မေးခွန်းမျိုးတွေကို မေးပေးပါ။ အဲဒီလိုမေးခွန်းမျိုးက ကိုယ့်ရဲ့ စိတ် ဝင်စားမှုကိုဖေါ်ပြပေးတဲ့အပြင် သူ့ကိုပိုနားလည်သိမြင်နိုင်ဖို့ အခွင့်အရေးကိုလည်း ရရှိစေပါတယ်။
၆) ကိုယ့်စိတ်ထဲအဆင်မပြေ ခက်ခဲတတ်တာတွေကို ကျော်လွှားနိုင်ဖို့ လေ့ကျင့်ယူပါ။
ကိုယ်က ဘယ်လိုလူတွေအပေါ်ဆိုရင် စိတ်အလိုမကျဖြစ်တတ်သလဲ၊ ဘယ်လိုလူတွေကိုဆိုရင် ကိုယ့်လူ လို့ အလွယ်တကူ ခံစားရတတ်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာဆိုရင် စိတ်ကသိကအောက်ဖြစ်တတ်သ လဲ အစရှိတဲ့ ကိုယ့်ရဲ့စိတ်ပုံစံတွေကို သိနေအောင် လုပ်ထားပါ။ ပြီးရင် ကိုယ်သိပ်အစေးမကပ်တတ်တဲ့ သူ တွေရဲ့ အဖြစ်အပျက်တွေ၊ ခံစားမှုတွေ၊ နဲ့ အတွေးအမြင်တွေကိုပါ သိမြင်နားလည်နိုင်ဖို့ ကြိုးစားကြည့်ပါ၊ အဲဒီလိုလုပ်ဆောင်နေတဲ့အချိန်မှာ ကိုယ့်စိတ်ထဲ ကသိကအောက် ဖြစ်တာမျိုး ရှိခဲ့ရင်တောင် တစ်ဖက်သား အဆင်ပြေပြေဆက်ပြောနေနိုင်စေဖို့ ဘယ်လိုတုံ့ပြန်ရမလဲ ပြင်ဆင်ကြိုးစားပါ။
၇) ကိုယ့်အတွေးကိုယ့်အမြင်တွေတိုင်းကိုနှစ်ခါပြန်ဆင်ခြင်သုံးသပ်ပါ။
တစ်ခါတစ်ရံမှာ ဖြစ်ပျက်ကြုံတွေ့ရတဲ့ကိစ္စတွေအပေါ် ကိုယ့်ရဲ့ ခံစားသိမြင်မှုက အဖြစ်မှန်ကို မထင်ဟပ်နိုင် တာမျိုးရှိတတ်တာမို့ တစ်ခုခု မှတ်ချက်မပြုခင်မှာ နှစ်ခါပြန်ဆင်ခြင်သုံးသပ်ကြည့်တာမျိုး လိုအပ်ပါတယ်။ “သူနောက်ကျတာ ငါ့ကို မလေးစားလို့ပဲ ဖြစ်ရမယ်” လို့အလျင်အမြန်ကောက်ချက် မချခင်မှာ “ကားပိတ် တာ ဒါမှမဟုတ် တခြား အခက်အခဲတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်” လို့တွေးကြည့်တာမျိုး အလေ့ အကျင့်လုပ်ရပါမယ်။
စာနာနားလည်စိတ်ကို လေ့ကျင့်ပျိုးထောင်ထားသူတွေဟာ
● ဘဝကို ပိုမိုပေါ့ပါးစွာ ဖြတ်သန်းနိုင်သူတွေ ဖြစ်လာကြပါတယ်။
● တစ်ဖက်သားရဲ့ ဘဝအမြင်ကို နားလည်လေးစားနိုင်ပြီး ကိုယ်နဲ့ အမြင်မ မတူတာကို စိတ်ဆိုးစရာ ပြဿနာလို့ မမြင်တော့တဲ့သူတွေ ဖြစ်လာကြပါတယ်။
● ကြုံတွေ့ရတတ်တဲ့ ဝေဖန်မှုတွေနဲ့ မတူခြားနားတဲ့ တွေးခေါ်ပုံတွေကိုလည်း အေးအေးဆေးဆေး လက်ခံနိုင်သူတွေ ဖြစ်လာကြပါတယ်။
Reference:
https://www.apa.org/monitor/2021/11/feature-cultivating-empathy
Ministry of Health,
National Unity Government
Please donate:
Donate
International Society of Myanmar Scholars and Professionals
https://ismsp-mm.org/
စိတ်ကျန်းမာရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို တိုင်ပင်ဆွေးနွေးနိုင်ရန်-
👉 တယ်လီကျန်းမာ ဆေးခန်း (နေ့စဉ် နံနက် ၈ နာရီမှ ၆ နာရီအထိ)
https://m.me/telehealthmm
👉 တိုင်ပင်ဖော် ဝန်ဆောင်မှု
https://facebook.com/taingpinphaw
Published on: 19 January 2022
Last Updated: 19 January 2022