ရာသီတုပ်‌ကွေးရောဂါ (Seasonal Influenza) ကာကွယ်ရေး နည်းလမ်းများ (November, 2022)

တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ ကျန်းမာရေးပညာပေးပို့စ်တွေ တယ်လီကျန်းမာမှာ တင်မယ်ဆိုတာ ကြိုပြောခဲ့ပါတယ်နော် …။ ဒီအစီအစဉ်လေး အခုဆိုရင် အထမြောက်လာပြီဖြစ်ပါတယ် …။ လောလောဆယ်တော့ တစ်ပတ်ကို (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း) ကျန်းမာရေးပညာပေးတစ်ခု တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ တင်ဆက်သွားပါ့မယ်။ တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေကိုလည်း အခုထက် ပိုမိုစုံလင်အောင် ထည့်သွင်းပေးပါ့မယ်။ အခက်အခဲတွေကြားကနေ ကြိုးစားရတာမို့ (ဆင်ခြေပေးတာ မဟုတ်ရပါဘူး) လိုအပ်တာလေးတွေရှိရင်လည်း မငြိုငြင်ပါနဲ့လို့ …။

ဒီတစ်ပတ်မှာတော့ ဆောင်းလည်းဝင်လာပြီမို့ “ရာသီတုပ်‌ကွေးရောဂါ (Seasonal Influenza) ကာကွယ်ရေး နည်းလမ်းတွေ” ကို အောက်က တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

– ချင်း

– ကရင်နီ

– အရှေ့ပိုးကရင်

– အနောက်ပိုးကရင်

– စကောကရင်

– ရှမ်း

– မွန်

– ဗမာ

❤️ ချစ်တဲ့ တယ်လီကျန်းမာ ❤️

————————-

ရာသီတုပ်‌ကွေးရောဂါ (Seasonal Influenza) ကာကွယ်ရေး နည်းလမ်းများ (နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်)

➡️ နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။

➡️ ဖျားနာနေသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

➡️ သင် ဖျားနာနေပါကလည်း အခြားသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

➡️ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ပါ။

➡️ နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူး (သို့မဟုတ်) တံတောင်ဆစ်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ။

➡️ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မကြာခဏ ဆေးကြောပါ။

➡️ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရ။

➡️ အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ပိုးသတ်သန့်စင်ပါ။

➡️ ကောင်းစွာ အိပ်စက်အနားယူပါ။

➡️ အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးပါ။

➡️ လေဝင်လေထွက်ကောင်းစေရန် နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားပါ။

➡️ လူထူထပ်သောနေရာများနှင့် ပွဲလမ်းသဘင်များကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

Ministry of Health,

National Unity Government.

#nugmoh#teleheatlh#တယ်လီကျန်းမာ#ethniclanguage#ethnic

Published on: 20 November 2022
Last Updated: 20 November 2022