“Eye Floater” (April 2023)

မျက်စိရောဂါတစ်မျိုး (Eye Floater)

1️⃣ Eye Floater ဆိုတာ ဘာလဲ ❓

Eye Floater ဆိုတာ မျက်လုံးထဲမှာရှိတဲ့ ဂျယ်လီလိုအရည်တစ်မျိုး (vitreous humor) ဟာ အကြောင်းအမျိုးမျိုးကြောင့် အရည်ပျော်လာပြီး၊ ဂျယ်လီလိုမနေ တော့ဘဲ အရည်ဖြစ်သွားတဲ့အခါ အထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေ အချောင်းလေးတွေကို မြင်နေရတာမျိုးပါ။

ကိုယ့်မြင်ကွင်းထဲမှာ အမည်း (ဒါမှမဟုတ်) ခဲရောင် အချောင်းလေးတွေကို မြင်နေရတတ်ပါတယ်။

အထူးသဖြင့် အဖြူရောင်နဲ့ အပြာနုရောင်လိုမျိုး အ​ရောင်​ဖျော့တွေကိုကြည့်ရင် အမည်းရောင်အချောင်းတွေ တွေ့ရတာ ပိုသိသာတယ်လို့ ဆိုပါတယ်။

အရပ်ထဲမှာတော့ မျက်လုံးထဲ အမည်းချောင်းလေးတွေ အမြဲမြင်နေရတယ်… မျက်လုံးဆရာဝန်ပြလည်း မသက်သာဘူးဆိုတဲ့ မျက်စိရောဂါလို့ လူသိများပါတယ်။

..

..

2️⃣ Eye Floater က ဘယ်သူလူတွေ အဖြစ်များလဲ ❓

(၁) အသက်ကြီးတဲ့သူ

(၂) ဆီးချိုရှိတဲ့သူ

(၃) အကြောင်းအမျိုးမျိုးကြောင့် မျက်လုံးခွဲစိတ်ထားတဲ့သူ၊ မျက်လုံး ထိခိုက်ဒဏ်ရာရထားတဲ့သူ

(၄) မျက်စိ အနီးမှုန်သူ

(၅) မျက်လုံး ရောင်ရမ်းတတ်တဲ့သူ…. စတဲ့သူတွေမှာ အဖြစ်များပါတယ်။

..

..

3️⃣ Eye Floater ကုသလို့ရလား❓နောက်ပိုင်းဆိုးကျိုးဘာရှိလဲ❓

Eye floater ပျောက်စေတဲ့ eye drop / သောက်ဆေးတော့မရှိပါ။

Eye floater ဟာ အရှင်းပျောက်သွားတယ်လို့ မရှိတဲ့အတွက် လူနာတွေအနေနဲ့ အစပိုင်းမှာ စိတ် ကသိကအောင့် ဖြစ်တတ်ကြပေမယ့် အချိန်တစ်ခုကြာလာတဲ့အခါ နေသားကျသလို ဖြစ်လာတတ်ပါတယ်။

..

..

4️⃣ Eye Floater ဖြစ်ရင် မျက်စိဆေးခန်းပြဖို့လို့လား ❓

ဆေးခန်းပြကိုပြရပါမယ်….

⭐️⭐️⭐️ မြင်လွှာ ကွာကျတဲ့ရောဂါဟာ မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်သလို Eye floater နဲ့ လက္ခဏာဆင်တူတတ်တာမို့ လိုအပ်တဲ့ မျက်လုံးစစ်ဆေးတာ၊ ရက်ချိန်းမှန်မှန်ပြတာတွေလုပ်ပြီး သေချာ ကုသမှုခံယူရပါမယ်။

..

..

5️⃣ ဘယ်ချိန် ဆရာဝန်ဆီပြန်ပြသင့်လဲ ❓

• မြင်နေရတဲ့ အမည်းစင်းတွေက ပိုများလာတဲ့အခါ….

• ရုတ်တရတ် Eye floater အသစ်တွေ တွေ့တဲ့အခါ….

• မျက်လုံးထဲ ရုတ်တရတ် မှောင်လာတာ

• အမည်းကွက် (ဒါမှမဟုတ်) အလင်းအလက်တွေ တွေ့တာ….. စတာတွေ ဖြစ်လာပြီဆိုရင် မျက်စိဆရာဝန်နဲ့ ချက်ချင်း ပြန်ပြပေးရပါမယ်။

..

..

6️⃣ Eye floater ဖြစ်နေတဲ့သူအနေနဲ့ ကိုယ့်မျက်လုံးကို ဘယ်လိုတွေ ယုယစောင့်ရှောက်သင့်လဲ ❓

အထက်မှာပြောခဲ့သလို Eye floater အတွက် တိကျတဲ့ ပေးစရာဆေး မရှိပေမယ့်၊ ကိုယ့်မှာ Eye floater ရောဂါရှိနေတယ်ဆိုရင် ….

– ကိုယ့်မျက်လုံးလေးတွေကို ပုံမှန်လူတွေထက်ပိုပြီး ဂရုစိုက်ပေးရပါမယ် ….

– Screen Time (TV / Phone /Laptop) ကြည့်တာလျှော့ရပါမယ် ….

– နေပူထဲထွက်တဲ့အခါနဲ့ အပြင်ထွက်တဲ့အခါ…. UV protection ပါတဲ့ နေကာမျက်မှန် (ဒါမှမဟုတ်) ထီးဆောင်းပေးပါ….

– မျက်လုံးခြောက်ရင် မျက်ရည်တုထည့်ပေးတာမျိုးလုပ်ပေးလို့ရပြီး…

– မျက်လုံးအားဆေးတချို့ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်း သောက်ပေးလို့ရပါတယ်။

Ref : 📚https://www.mayoclinic.org/…/symptoms-causes/syc-20372346

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#eye_floater

Ministry of Health,

National Unity Government.

Published on: 10 April 2023

Last updated: 10 April 2023