“Febrile Convulsion” (December 2023)

ဒီနေ့ ပြောပြမှာကတော့ ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်း ဖြစ်ပါတယ်။

ကလေးမွေးကင်းစကနေစပြီး အသက်ကြီးသည်အထိ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါမျိုးစုံရှိပြီး ရောဂါဖြစ်ပွားတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာပေါ် မူတည်ပြီး အတက်‌ပုံစံတွေဟာလည်း လက္ခဏာမျိုးစုံ ကွဲပြားကြပါတယ်။

👶🏻ကလေးတွေမှာ တက်ရတဲ့ အဓိကအကြောင်းအရာတွေကတော့…

(၁) သာမန်အဖျားကြီး၍ တက်ခြင်း

(၂) ဦးနှောက်ထဲကို ပိုးဝင်သောကြောင့် တက်ခြင်းနဲ့

(၃) အတက်ရောဂါတို့ပဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာမှ အဖြစ်အများဆုံးဖြစ်တဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်းကို ပြောပြသွားမှာပါ။

💁🏻‍♂️ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) ဆိုတာ ကလေးငယ်တွေ အဖျားကြီးတဲ့အချိန်မှာ ဖြစ်လေ့ရှိတဲ့ အတက်ရောဂါ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

💁🏻‍♂️ အသက်အရွယ်အားဖြင့် အသက် ၆ လ မှ ၆ နှစ် အတွင်းနဲ့ ကျား/မ အနေနဲ့ဆိုရင် ယောကျ်ားလေးတွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။ ကလေး အယောက် ၂၀ မှာ ၁ ယောက်နှုန်း ဖြစ်တတ်ပြီးတော့ မေမေတို့အနေနဲ့ စိုးရိမ်ဖို့မလိုတဲ့ အတက်ရောဂါ ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

💁🏻‍♂️ အဖျားကြီးပြီး တစ်ကြိမ်တစ်ခါ တက်ဖူးတဲ့ ကလေးအယောက် ၁၀၀ မှာ ၃၀ က နောက်တစ်ကြိမ် ထပ်တက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအတက်ရောဂါ ပျောက်အောင်နဲ့ ထပ်မဖြစ်လာအောင် ကာကွယ်ဖို့တော့ ဆေးဝါးတွေ မရှိသေးပါဘူး။

👨‍⚕️ မိဘတွေအနေနဲ့လည်း အရမ်းစိုးရိမ်တာမျိုး မဖြစ်ဘဲ တက်ပြီဆ်ိုရင် နည်းလမ်းမှန််မှန်နဲ့ ကလေး အတက်ကျအောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

📌 ဘယ်လို လက္ခဏာတွေနဲ့ လာတတ်သလဲ ဆိုရင် …….

– မျက်လုံး အပေါ်လန်ပြီး တစ်ကိုယ်လုံး၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်လုံး တောင့်တင်း၍ တက်ခြင်း

– အဖျားကြီးတဲ့အချိန် သို့မဟုတ် ဖျားတဲ့အချိန်တွေမှာ ရုတ်တရက်တက်ခြင်း

– ဖျားပြီး ၂၄ နာရီအတွင်း စတင်ပြီး တက်ခြင်း

– မိသားစု (ဖေဖေ၊ မေမေ ၊ ညီအစ်ကို မောင်နှမ) ထဲမှာ အခုလိုမျိုး သာမန်အဖျားတက်ချိန် တက်တတ်သူ ရှိခဲ့ခြင်း၊

– ကလေးအသက် ၆ လမှ ၆ နှစ်အတွင်း ဖြစ်ခြင်း

– တက်တဲ့အချိန်ဟာ အလွန်ဆုံး ၅ မိနစ်မှ ၁၀ မိနစ်အထိသာ ကြာမြင့်ခြင်း

– တက်ပြီးနောက် အာရုံကြောအားနည်းတာ/တခြား အာရုံကြောနဲ့ဆိုင်တဲ့ ဝေဒနာလက္ခဏာမျိုးတွေ မကျန်ခဲ့ဘဲ ကလေးက လန်းလန်းဆန်းဆန်းရှိခြင်းတို့ ဖြစ်ပါတယ်။

📌 ဘာကြောင့် တက်လဲ

ပုံမှန်အားဖြင့် အဖျားကြီးတဲ့အချိန်မှာ စတင်ပြီး တက်တတ်ပါတယ်။ ဖျားစေတဲ့ ဘယ်လိုအကြောင်းအရင်းကြောင့်မဆို ဖြစ်တတ်ပြီး များသောအားဖြင့် ဆီးလမ်း‌ကြောင်းပိုးဝင်ခြင်း၊ တုပ်ကွေးကြောင့်ဖျားခြင်းနဲ့ အခြား မည့်သည့်အကြောင်းကြောင့်မဆို အဖျားကြီးရင် တက်နိုင်ပါတယ်။

.

👨‍⚕️ အကယ်၍ အဖျားကြီးချိန် တက်တတ်တဲ့ (febrile convulsion ရှိတဲ့) ကလေးတစ်ယောက်မှာ အဖျားဝေဒနာ စတင်ခံစားရပြီဆိုရင်…

‼️ ကလေးကို ခြေမ ချိုးတာ၊ နှိိပ်တာ၊ ဖိတာမျိုး လုံးဝ မလုပ်ရပါဘူး။

‼️ ပါးစပ်အတွင်း ပစ္စည်းတွေ (ဇွန်း၊ လက် စသဖြင့်) မထည့်ရပါ။

❗️အဖျားကျအောင် အကျီထူထူဝတ်တာ၊ စောင်ထူထူခြုံတာ၊ အခန်းအပူချိန်ကို ပူအောင်ထားတာမျိုး မလုပ်ရပါဘူး။

❗️ကလေးက တက်နေချိန်မှာ မိဘတွေအနေဖြင့် ပြာယာခတ်သွားတာ၊ လန့်သွားတာမျိုး မဖြစ်ပါနဲ့။

• တစ်ကိုယ်လုံး အဝတ်ချွတ်ပြီး ရေပတ် သေချာတိုက်ရပါမယ်။

• ရေနဲ့ ဓာတ်ဆား များများတိုက်ပါ။

• အဖျားရှိနေရင် အဖျားကျဆေး paracetamol ကို သတ်မှတ်ထားတဲ့ ပမာဏ dose အတိုင်း၊ နာရီအပိုင်းအခြားအတိုင်း တိုက်ပါ။

• ကလေးကို အန္တရာယ်ကင်းတဲ့နေရာကို အရင်ရွှေ့ထားပြီး ဘေးတစောင်း ထားပေးရပါမယ်။

• ပျော့ပျောင်းတဲ့အင်္ကျီ ဒါမှမဟုတ် ပဝါကို ကလေးခေါင်းအောက်မှာ ခံပေးပါ။

• ကလေးပါးစပ်အတွင်းမှာ ချွဲတွေ၊ အန်ဖတ်တွေ ပိတ်စို့နေရင် ဖယ်ရှားပေးပါ။

• အတက်ကြာချိန်နဲ့ တက်တဲ့ပုံစံကို သေချာလေး မှတ်သားပါ။ video ရိုက်ထားနိုင်ရင် ပိုကောင်းပါတယ်။

• ၅ မိနစ်ထက် ပိုကြာအောင် တက်တဲ့ကလေးတွေအတွက် အတက်ကျဆေးထိုးတာ ဒါမှမဟုတ် စအိုထဲ ထည့်တာမျိုး လုပ်နိုင်ပါတယ်။

💁🏻‍♂️ ဒါကြောင့် တက်ပြီဆိုတာနဲ့ အထက်ပါ ကနဦးပြုစုမှုတွေကို အရင်ဆုံးပြုလုပ်ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို သွား‌ရောက်ပြသကာ လိုအပ်တဲ့ ကုသမှုကို ခံယူရပါမယ်။

👨‍⚕️ ကဲ… ပြန်ပြီး အနှစ်ချုပ်ရမယ်ဆိုရင်

‼️သာမန် အဖျားကြီးလို့ တက်တာ (febrile convulsion) က အဖြစ်များပါတယ်။

‼️အန္တရာယ် မရှိပါဘူး။

‼️မျိုးရိုးလိုက်တတ်ပါတယ်။

‼️အတတ်ကျဆေးတွေ သောက်ဖို့ မလိုပါဘူး။

‼️ကလေးလည်း ပုံမှန်အတိုင်း ကြီးထွားဖွံဖြိုးမှု ရှိပါတယ်။

‼️ဒါပေမယ် တက်တဲ့အကြိမ်အရေအတွက် များတယ်၊ ပုံမှန် တက်နေကျပုံစံမျိုး မဟုတ်တော့ဘူး၊ အဖျားမရှိဘဲ တက်တာမျိုးတွေ ရှိလာတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ထံမှာ သေချာစမ်းသပ်စစ်ဆေးပြီး ကုသမှုခံယူရပါမယ်။

Reference : 📖

https:// www. nhs. uk

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zerosc2

(၂) https://t.me/zerosc3

(၃) https://t.me/zerosc1

(နေ့စဥ် မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

Ministry of Health,
National Unity Government.

Published on: December 19, 2023
Last updated: December 19, 2023