“အဖြစ်များ​သော တုပ်​ကွေးရောဂါလက္ခဏာများ” (March 24, 2024)

တုပ်ကွေးရောဂါဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။

တုပ်ကွေးရောဂါဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပွားရတာဖြစ်ပြီး တုပ်ကွေးပိုးရှိသူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာမှတစ်ဆင့် ဒါမှမဟုတ် အမှုန်အမွှားတွေကို လက်နဲ့ထိတွေ့မိပြီး အဲဒီလက်နဲ့ နှာခေါင်းတို့၊ ပါးစပ်တို့ကို ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ပါတယ်။

ရောဂါလက္ခဏာတွေက သာမန်အအေးမိတာနဲ့ ဆင်တူပေမယ့် အအေးမိတာက ဖြည်းဖြည်းချင်းဖြစ်ပြီး တုပ်ကွေးက ရုတ်တရက် နေမကောင်း ထဖြစ်တတ်ပါတယ်။ လက္ခဏာတွေကလည်း ပိုဆိုးပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ “အဖြစ်များ​သော တုပ်​ကွေးရောဂါလက္ခဏာများ” ကို ဗဟုသုတအဖြစ် လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic

#တုပ်ကွေးရောဂါ

#တုပ်​ကွေးရောဂါလက္ခဏာများ

#Flu_Symptoms#howtopreventflu

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

Ministry of Health,

National Unity Government.

Published on: March 24, 2024

Last updated: March 24, 2024