Food Safety Tips During Flooding (May, 2023)

📢 ရေကြီးရေလျှံမှု ဖြစ်စဉ်ကာလအတွင်း အစားအစာ ဘေးကင်းစေရန် အကြံပြုချက်များ (မေလ၊ ၂၀၂၃ ခုနှစ်)

📢 ရေကြီးရေလျှံမှုဖြစ်စဉ်များသည် ပြည်သူ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ဘေးဒဏ်သင့် ဒေသများရှိ အစားအစာများတွင် မသန့်ရှင်းမှုများ ပိုမို ဖြစ်စေနိုင်ပြီး အကျိုးဆက်အနေဖြင့် စားသုံးရန် မသင့်တော်ခြင်းများလည်း ဖြစ်လာနိုင်ပါသည်။ မသန့်ရှင်းသော အစားအသောက်များကြောင့် ရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ်ရန်၊ စားသုံးသူများသည် အောက်ပါအချက်များကို အထူးသတိထားသင့်ပါသည်။

🌊 လက်များ၊ အစားအသောက် ပြင်ဆင်သည့် နေရာများ၊ မီးဖိုချောင်ပစ္စည်းများနှင့် အိုးခွက်ပန်းကန်များကို သန့်ရှင်းအောင် ထားပါ။

🌊 အသားစိမ်းနှင့် ချက်ပြုတ်ထားသော အစားအစာများကို ခွဲခြားပါ။ ရေကြီးရေလျှံမှုဒဏ် ခံရသော စိုက်ခင်းထွက်သီးနှံများကို ခွဲခြားထားပါ။ 🌊 ကျက်အောင် ချက်ပါ။

🌊 အစားအစာကို စိတ်ချရသော အပူချိန်တွင် သိမ်းဆည်းပါ။

🌊 သန့်ရှင်းသော ရေနှင့် သန့်ရှင်းသော အစာကုန်ကြမ်းများကိုသာ အသုံးပြုပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #storm #foodsafety #food #safety #flood #flooding

Ministry of Health,

National Unity Government.

Published on: 12 May 2023

Last updated: 12 May 2023