မင်္ဂလာပါ …တယ်လီကျန်းမာတွင် အခမဲ့အွန်လိုင်းဆေးခန်းများ ဖွင့်လှစ်ထားပါသည်။
- (၁) ကြိုတင်ဘိုကင်ယူ၍ ဆေးခန်းပြသရန်အတွက် ( https://m.me/telehealthmm )သို့ ဆက်သွယ်ပါ။
- (၂) ချက်ချင်း ဆေးခန်းပြသနိုင်ရန်အတွက် ( https://t.me/TelehealthMM )တွင် ပြသနိုင်ပါပြီ။
ချက်ချင်း ဆေးခန်းပြသသည့်အခါ ၊ ရှေ့လူနာ အနည်းအများပေါ်မူတည်၍ (၁၀)မိနစ် မှ (၁၅)မိနစ်အထိ စောင့်ဆိုင်းပေးရန် လိုအပ်ပါသည်။
အရေးပေါ်မဟုတ်သောလူနာများမှာ ကြိုတင်ဘိုကင်ယူသောဆေးခန်းတွင် ပြသသင့်ပါသည်။
လူနာတစ်ဦးချင်းစီတိုင်းအတွက် အချိန်ပေး၍ မေးမြန်းဆွေးနွေးပေးပါမည်။
ယခင်က ပြည်သူ့ဆေးရုံကြီးများတွင် ပုံမှန်ပြသလျက်ရှိသော နာတာရှည်လူနာများအနေဖြင့် ၊ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းတွင် ဆက်လက်ကုသမှုခံယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
Ministry of Health,
National Unity Government.

Published on: 1 April 2022
Last Updated: 1 April 2022