“Dr. Zaw Wai Soe Meets with Dr. Christoph Hoffmann at the Federal Parliament of Germany” (March 2024)

⁨📷⁩ ⁨ဂျာမနီနိုင်ငံ၊ ဖက်ဒရယ်ပါလီမန်၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သဘာပတိနှင့် လစ်ဘရယ်ပါတီ FDP ၏ ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ခရစ်စတိုဟော့ဖ်မန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ

၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်ရှိ ဖက်ဒရယ်ပါလီမန်သို့ ရောက်ရှိခဲ့စဉ်အတွင်း တွေ့ဆုံမှုများထဲမှ တစ်ခုအနေဖြင့် ဂျာမနီနိုင်ငံ၊ ဖက်ဒရယ်ပါလီမန်၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သဘာပတိနှင့် လစ်ဘရယ်ပါတီ FDP ၏ ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ခရစ်စတိုဟော့ဖ်မန်း (Christoph Hoffmann) နှင့် တွေ့ဆုံခဲ့ပါသည်။

ဒေါက်တာ Christoph Hoffmann သည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပြီး သစ်တောသိပ္ပံနှင့် Ph.D ဘွဲ့ကို ရရှိထားသူပီပီ မြန်မာနိုင်ငံအကြောင်းကို ကောင်းစွာ သိရှိထားသူတစ်ဦးလည်း ဖြစ်ပါသည်။

တွေ့ဆုံမှုအတွင်း မြန်မာ့နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအကြောင်း၊ မြန်မာနိုင်ငံအား ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးအကြောင်း အကျိုးရှိစွာ ဆွေးနွေးခဲ့ကြပါသည်။

ဒေါက်တာဟော့ဖ်မန်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် ဂျာမနီနိုင်ငံ၏ ထောက်ခံမှုကိုလည်း အာမခံခဲ့ပါသည်။

During my visit in the Federal Parliament of Germany in the German capital Berlin, one of my meetings was with Dr. Christoph Hoffmann. He is the Chair of the Committee on Economic Cooperation and Development of the Federal Parliament of Germany and a Member of Parliament of the Liberal Party FDP. Dr. Christoph Hoffmann is a friend of Myanmar. He holds a PhD degree in forestry sciences and knows our country well. During our fruitful meeting we talked about the political and humanitarian situation in Myanmar and about getting our country back on track towards sustainable development. Dr. Hoffmann assured us of Germany’s support for our transition to freedom and federal democracy.⁊

Ministry of Health,
National Unity Government.

Published on: March 18, 2024
Last updated: March 18, 2024