GLOBAL HANDWASHING DAY (ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့) (15th October 2022)

ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့ (၁၅ ရက်၊ အောက်တိုဘာ၊ ၂၀၂၂) GLOBAL HANDWASHING DAY

လူသားအားလုံး လက်သန့်စင်ရေး စုပေါင်းဆောင်ရွက်ကြရအောင်
Unite for Universal Hand Hygiene

ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ဆေးခြင်းသည် ရောဂါပိုးများ ပျံ့နှံ့မှုကို တားဆီးရန်နှင့် ကျန်းမာစွာနေထိုင်နိုင်ရန် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ သန့်ရှင်းသော လက်တစ်စုံသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို (၃၀) ရာခိုင်နှုန်းထိ ကာကွယ်နိုင်ပြီး တုပ်ကွေးရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါများဖြစ်ပွားမှုကို (၂၀) ရာခိုင်နှုန်း ကာကွယ်နိုင် ပါသည်။

ဆပ်ပြာနှင့်ရေ အသုံးပြု၍ လက်ဆေးခြင်းသည် ရောဂါ မဖြစ်စေရန်နှင့် အခြားသူများသို့ ရောဂါကူးစက် ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း “ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်း နေ့” က နှစ်စဉ် သတိပေးလျက်ရှိပါသည်။ “လူသားအားလုံး လက်သန့်စင်ရေး စုပေါင်းဆောင်ရွက် ကြရအောင်” ဟူသော ယခုနှစ်ဆောင်ပုဒ်အတိုင်း ကမ္ဘာသူကမ္ဘာသားအားလုံး လက်သန့်စင်ရေးအတွက် အားလုံးပါဝင်ကာ ညှိနှိုင်းဆောင်ရွက်ကြရန် ရည်ရွယ်ရင်းဖြစ်ပါသည်။

လူထုအတွင်း လက်ဆေးခြင်း

ဆပ်ပြာနှင့် သန့်ရှင်းသောရေကို အသုံးပြု၍ လက်ဆေးခြင်းမပြုသောကြောင့် များစွာသော ရောဂါပိုးမွှား များ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ အထူးသဖြင့် အိမ်သာအသုံးပြုပြီးသည့်အချိန်၊ အစားအစာများ ပြင်ဆင်ချိန်၊ အစာမစားမီနှင့် နှာချေချောင်းဆိုးပြီးသည့် အခါတိုင်း စနစ်တကျလက်ဆေးရန် လွန်စွာအရေးကြီးပါသည်။

ဆပ်ပြာနှင့်ရေ အသုံးပြု၍ လက်ဆေးခြင်းသည် အကုန်အကျ သက်သာသည့်အပြင် ကလေးငယ်များ ရောဂါကူးစက်၍ ဖျားနာခြင်းကို သိသာစွာ လျော့ကျစေပါသည်။ လူထုကို စနစ်တကျလက်ဆေးနည်း သင်ပြခြင်းဖြင့် ကျန်းမာသော လူမှုအသိုက်အဝန်းများ ဖန်တီးနိုင်ပါသည်။ လူထုအတွင်း လက်ဆေးနည်း အသိပညာဖြန့်ဝေခြင်းဆိုင်ရာ လေ့လာချက်များအရ-

🧼 ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို (၂၃) မှ (၄၀) ရာခိုင်နှုန်း လျှော့ချနိုင်ခြင်း၊
🧼 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ကျောင်းပျက်ရသည့် ကလေးအရေအတွက် ကို (၂၉) မှ (၅၇) ရာခိုင်နှုန်း လျှော့ချနိုင်ခြင်း၊
🧼 ကိုယ်ခံအားနည်းသူများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို (၅၈) ရာခိုင်နှုန်း လျှော့ချနိုင်ခြင်း၊
🧼 သာမန်လူများတွင် တုပ်ကွေးရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ရောဂါများဖြစ်ပွားမှုကို (၁၆) မှ (၂၁) ရာခိုင်နှုန်း လျှော့ချနိုင်ခြင်း တို့ကို တွေ့ရလေသည်။

Source:
https://www.cdc.gov/handwashing/global-handwashing-day.html

Ministry of Health,

National Unity Government.

Published on: 15 October 2022
Last Updated: 15 October 2022