“Global Handwashing Day 2023” (October 15, 2023)

ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့ (၁၅ ရက်၊ အောက်တိုဘာ၊ ၂၀၂၃)
GLOBAL HANDWASHING DAY 2023

လက်လှမ်းမီနိုင်သော လက်သန့်ရှင်းရေး (CLEAN HANDS ARE WITHIN REACH)

ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့သည် လက်သန့်ရှင်းရေး၏ အရေးပါမှုအကြောင်း အသိပညာများကို တိုးပွားလာစေရန်နှင့် မူဝါဒအဆင့်မှသည် ရပ်ရွာလူထုက ပါဝင်လှုံ့ဆော်၊ ဆောင်ရွက်သည့် လုပ်ဆောင်မှုအဆင့်သို့ ရေရှည်ပြောင်းလဲစေရေးအတွက် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေး စည်းရုံးရေးနေ့ဖြစ်သည်။

ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့၏ ဆောင်ပုဒ်သည် လက်သန့်ရှင်းရေးကို စနစ်များအတွင်း ထည့်သွင်းဆောင်ရွက်စေရန် ရည်ရွယ်ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို ရရှိစေရန် လက်သန့်ရှင်းရေး ကြိုးပမ်းအားထုတ်မှုများကို သုံးဆအထိ မြှင့်တင်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီ၏ လက်သန့်ရှင်းရေးအမူအကျင့်အပေါ် အလေးထားရုံသာမက ဒေသန္တရစနစ်အတွင်း လက်သန့်ရှင်းရေးကို အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးသည့် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ကို ဖန်တီးရန် ပိုမိုကျယ်ပြန့်သော အားထုတ်မှုလည်း လိုအပ်ပါသည်။ တစ်ကမ္ဘာလုံး လက်သန့်ရှင်းရေးရရှိရန် အိမ်၊ ကျောင်း၊ အလုပ်ခွင်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်နေရာများနှင့် အခြားရပ်ရွာအခြေအနေများတွင် လက်သန့်ရှင်းရေးကို လက်လှမ်းမီနိုင်စေရန်နှင့် လက်တွေ့လုပ်ဆောင်နိုင်စေရန် ဘက်ပေါင်းစုံနှင့် အပြန်အလှန်ဆက်စပ်နေသော လုပ်ဆောင်သူများ၏ ပံ့ပိုးမှုများအပေါ် မူတည်ပါသည်။ လက်လှမ်းမီနိုင်သော လက်သန့်ရှင်းရေးဖြစ်စေရန် လူတိုင်းတွင် တာဝန်ရှိပါသည်။ သက်ဆိုင်သူအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာ လက်လှမ်းမီနိုင်သော လက်သန့်ရှင်းရေး ဖြစ်စေပါမည်။

👏 လက်သန့်ရှင်းရေး၏ အကျိုးကျေးဇူးများ

လက်သန့်ရှင်းရေးသည် များစွာသော ရောဂါများ၏ ကူးစက်ပြန့်ပွားမှုကို လျှော့ချပေးနိုင်သည်-

🧼 ဆပ်ပြာဖြင့် လက်ဆေးခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါများကို (၃၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။
🧼 ဆပ်ပြာဖြင့် လက်ဆေးခြင်းသည် ရုတ်တရက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို (၂၀) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်။
🧼 လက်ဆေးကြောခြင်းသည် ကာလဝမ်းရောဂါ၊ အီဘိုလာ၊ Shigellosis၊ SARS၊ အသည်းရောင်အသားဝါ “E” နှင့် COVID-19 ကဲ့သို့သော ကပ်ရောဂါဖြစ်ပွားခြင်းနှင့်ဆက်စပ်သည့် ရောဂါပိုးများ ကူးစက်မှုကို လျှော့ချရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
🧼 လက်သန့်ရှင်းရေးသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ပြီး ပဋိဇီဝဆေးယဥ်ပါးသော ရောဂါပိုးများ ပျံ့နှံ့မှုကို လျှော့ချပေးနိုင်သည်။
🧼 လက်သန့်ရှင်းရေးသည် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ ကူးစက်ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည်။

စနစ်တကျ လက်သန့်ရှင်းရေးသည် ရောဂါဖြစ်ပွားမှုများကို လျှော့ချပေးနိုင်ရုံသာမက ကျောင်းပျက်ကွက်မှုနှုန်း လျှော့ချခြင်းနှင့် ကျန်းမာခြင်း၊ ဂုဏ်သိက္ခာနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း ကဲ့သို့သော အကျိုးကျေးဇူးများနှင့်လည်း ဆက်စပ်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference:https://globalhandwashing. org/resources/global-handwashing-day-2023-fact-sheet/

🖐 လက်ဆေးခြင်း (လက်သန့်ရှင်းရေး) ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များ

💧 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စနစ်တကျ လက်ဆေးကြပါစို့ (ရုပ်သံဗီဒီယို)
https://fb.watch/nyH9lHOo3f/

💧 လက်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သော ကူးစက်ရောဂါပေါင်းများစွာကို ကာကွယ်နိုင်ရန် လက်ဆေးပါ
https://www.facebook.com/telehealthmm/posts/pfbid0Pk49sfAdomuxceHmJX1EMnqAva2cPtbCeM15FBQ3TtHwZcjtKP2QbieH5tYXyqbUl

💧 စာသင်ကျောင်းမှာ ဒီအချိန်တွေ လက်ဆေးပါ (အောက်တိုဘာလ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid08q14gKupC7EWh8bNCGUpcyWYAg2DYUFrqPu5FsejmctWoTQTC3mqZKks89RsA6fAl

💧 စနစ်တကျ လက်ဆေးနည်း
https://www.facebook.com/MoHNUGMyanmar/posts/pfbid0ooS3y9R3as6yAUT2i175SAfaedhwCMTmv3qLcKo9DFABoHcBkwtV7XTQ4wf67sitl

#nugmoh #GlobalHandwashingDay #CleanHandsAreWithinReach #GlobalHandwashingDay2023 #GHWD

Ministry of Health,
National Unity Government.

Published on: October 15, 2023
Last updated: October 15, 2023